A String Attached
Epi-2
Kai အိမ်ပြန်ရောက် သော် Ommaနှင့်Appa(Baek & Yeol) တို့ဧည့်ခန်းမှာ စကားပြောနေကြသည်။သူတို့နှစ်ယောက်ကိုမြင် တိုင်းရယ်လဲရယ်ချင် သည်၊ ကြည်လဲကြည်နူးရသည်။နှစ်ယောက်က ငယ်သူငယ်ချင်းဘဝမှ ချစ်သူဘဝ၊ ထိုမှတစ်ဆင့် လင် မယားဘဝသို့ အဆင့်ဆင့်ဖြတ်ကျော်လာကြသူမို့ တစ်ယောက်အ ကြောင်းတစ်ယောက် အူမ ချေးခါးမကျန် သိသည်။ ရန်ဖြစ်လိုက်တာလဲ မ ပြောနဲ့။သို့သော်တစ် ရက်ပင် မခံ "သည်းလေး~ချစ်လေး"နဲ့ပြန်တည့်သွားကြသည်သာ…
သူတို့နှစ်ယောက်ကိုကြည့်ပြီး Kai လဲကိုယ်ချစ်တဲ့သူနဲ့လက်ထပ် ရင်းဤကဲ့သို့ပျော်ရွှင် မှုကိုခံစားမည်ဟု ငယ်စဉ်ထဲက တွေးခဲ့သည်။
အောင် မယ်…ဒီနေ့တော့ ထူးထူးဆန်းဆန်းပါလား
နှစ်ယောက်သားက ရုပ်တည်ကြီးတွေနဲ့စကားပြောနေကြသည်။
မသိလျှင် ကမ္ဆာကြီးငြိမ်းချမ်းရေးအတွက်ပဲ ဆွေးနွေးနေသလိုလို~~
Kai ကြည့်ုပြီးပြုံးနေစဉ်မှာပင် မေ မေက…
"သားလေးပြန်လာပြီလားး…အ ပေါ်မှာအဝတ်အစားသွားလဲလိုက်၊ ပြီးရင်အောက်ဆင်းလာခဲ့ Omma တို့ပြောစရာရှိတယ်"
Kai လဲရုပ်တည်ကြီးနဲ့ပြောနေ သောမေ မေ့ကိုသိုင်းဖက်လိုက်ပြီး…
"အောင် မယ်၊တို့Ommaက င Kai လို့မ ခေါ်ဘဲသားလေးလို့ခေါ်လို့ပါလား။ ဘာပြောမလို့လဲ။ခုပြောလေ~~"
"သွားပါ။ အဝတ်အစားလဲ ကိုယ်လက်သန့်စင်ပြီးမှဆင်းလာခဲ့။ အ ရေးကြီးပြောစရာရှိတယ်"
Kai လဲ Omma မျက်နှာကိုကြည့်ပြီး အဓိပ္ပာယ် မ ဖော်နိုင် ဟူသောမျက်နှာ ဖြင့် အ ပေါ်တက်သွားလိုက်သည်
Kai အဝတ်လဲပြီးပြန်ဆင်းလာတော့ Omma ကဒီမှာလာထိုင် ဟုလက်ပြသဖြင့် Kai ထိုင် လိုက် သည်။ထို့နောက် Omma က
" သားလေး Kai, သားအခု ဘွဲ့လဲရပြီ။ Appa ကုမ္ပဏီ မှာလုပ်တာလဲ အ တွေ့အကြုံတော်တော်ရပြီ ဒီတော့သားအတွက် မေ မေတို့လုပ်ပေးရမှာ မိဘဝတ်ထဲက ကြင် ရာရှာပေးဖို့ဘဲ ကျန်တော့တယ် ဆိုတော့…"