သြော် ဒါနဲ့ မင်းကားပေါ်မှာ ဘာဖြစ်တာ လဲ သတိလစ်ရလောက်တဲ့အထိ ဘာမြင် လိုက်လို့လဲ
ဘာလဲ သရဲလား........
ရှင်.......
ပြူးနေသော မျက်လုံးများ ပိုပြူးလာပြီး ကြောက်လန့်နေတဲ့ ပုံရိပ်တွေ မျက်နှာမှာ ဖြတ်သန်းနေတယ် ချွေးစေးတွေ ပြန်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာတယ်
မျက်စိကိုစုံမှိတ် နားနှစ်ဖက်ကို လက်ဝါးနဲ့ အုပ်ကာ
အား............... မလာနဲ့ ကြောက်တယ် ကြောက်တယ် ကြောက် ကြောက်
မေ့လဲသွားပြန်ပါပြီ......
Kai ကြောင်ကြည့်နေရာမှ သတိဝင်လာပြီး
ဟိတ် သတိထားဦးလေ ဟာ ဘာဖြစ်ပြန်ပြီလဲ ချွေးတွေ အရမ်းထွက်နေတယ် ဒီတိုင်းဆို ချွေးအေးပြီး ပြန်ဖျားလိမ့်မယ်
ဟူး.......သရဲလို့ ပြောလိုက်လို့ အဲလို ဖြစ်သွားတာလား ဘာလဲဟ ဒီလောက် ကြောက်လား
Kai တွေးပြီး ရယ်လိုက်သည်အဝတ်လေးနဲ့ ချွေးတွေကို သုတ်ပေးနေ တုန်း
Soo တောင်းပန်ပါတယ် သွားပါရစေ လွှတ်ပေးပါနော် Soo ကြောက်တယ် တောင်းပန်ပါတယ် ဒီမှာ မနေပါရစေနဲ့ ကယောင်ကတမ်း လျှောက်ပြောနေတဲ့ Soo ကို Kai သေချာ ကြည့်နေမိတယ်
မျက်ရည် မျက်ရည်လေးတွေ ပါးပေါ်က စီးကျလာတယ် သူ ငိုနေတာလား
သူကိုယ်သူတောင် မသိလိုက်ဘဲ ဘယ်ဘက်ရင်အုံက နာကျင်နေမိတယ်
Soo ရယ် ဘာတွေများ ဖြစ်ခဲ့တာလဲဟင် Kai ရဲ့ မသိစိတ်က စိုးရိမ်တကြီး မေးလိုက်တယ်
မျက်ရည်လေးတွေ သုတ်မပေးဖို့ လက်လှမ်းလိုက်တော့
အား....... Soo အော်ပြီး ထထိုင်လိုက်တယ်
အမယ်လေး လန့်လိုက်တာ ဟ ဘာဖြစ်ပြန်ပြီလဲ အေး ခုပဲ မေ့လဲ ခုပဲ ထအော် အေး ငါမင်းကို တော်တော် လန့်နေပြီ
jinja miya ဟို အားနားစရာ တွေဖြစ်ကုန်ပြီ Soo က အဲလိုပဲ
ဘာလို့အဲလိုဖြစ်တာလဲ ဟို သရဲကြောက် တယ်ဆိုရင်လည်း သရဲလို့ ပြောရုံလောက်နဲ့ ဘာမှမဖြစ်လောက် ပါဘူး ခု မင်းက
ဖြစ်နိုင်ရင်လေ Soo ကို အဲလို အကြောင်းတွေ မပြောပါနဲ့လား သရဲတင်မဟုတ်ဘူး ခြောက်ခြားစရာ တွေရော Soo တောင်းဆိုတာပါ
အင်း
Kai အင်းလို့သာ ဖြေလိုက်ပေမယ့် ဘာကြောင့်လဲ ဆိုတာ သိချင်နေမိတယ် Soo ရဲ့အကြောင်းကို ပိုသိချင်လာတယ်
Soo ကို ဆေးရုံခေါ်သွားသေးလား
မခေါ်ပါဘူး
သြော် ဆေးချိတ်ထားတာ တွေ့တယ် အိမ်ကို Doctor လာသွားတာလား
ဘယ် doctor မှ မလာဘူး
ဟင် ဒါဆို Soo ကို ဆေးသွင်းပြီး နေကောင်းအောင် လုပ်ပေးတာက...
သရဲလေ
ခ်ခ် Soo ရယ်လိုက်တယ်
ဘာရယ်တာလဲ
သူများက ကြောက်တယ်ဆိုတာနဲ့ စတော့တာပဲ
ဒါဆို မကြောက်ဘူးလား
ကြောက်ပါဘူး
ဘယ်သူလဲလို့ Soo ကို ဆေးကု ပေးတာ
သိဘူး ငါပြောတာ မင်းမှ မယုံတာ
မပြောချင်လည်း မမေးတော့ပါဘူး
ငါပဲ ငါပဲ စပ်စုလိုက်တာ
omo jinja သိချင်တာပေါ့ ဘယ်သူမှန်း ဒါနဲ့ ရှင်က doctor လား
ဟုတ်ဘူး ဆရာဝန်
ဟီး တော် တော် နောက်တတ်တယ်
ဟင် Kim Kai မင်း ဘယ်တုန်းက အဲလို နောက်တတ်သွားတာလဲ
မင်းအဲလိုတွေ မပြောတာ ကြာပြီလေ
Kai တွေးရင်း Soo ကို ကြည့်လိုက်တယ်ချစ်ဖို့တော့ကောင်းသား.....
နေပါဦး မင်းအကြောင်း တစ်ခုမှ မသိရသေးဘူး မင်းက တော်တော် ထူးဆန်းတဲ့ ကောင်မလေးပဲ ........????
သူ ဘယ်လို လူမှန်းမသိပေမယ့် Soo သူ့ကို ခင်တွယ်မိသွားတယ် ဘာကြောင့်လဲ သူ့အကြောင်းတွေတော့ သိချင်မိရဲ့........
ပျင်းဖို့ကောင်းလား သရဲလာမယ် ဟီး စတာ မသိချင်ဘူးလားဟင် သူတို့ နှစ်ယောက်အကြောင်း?????
Waiting for vitamin votes and feedbacks...saranage..<3 gamsitha..90° bows...
New fic>>>>> Hospital Love တင်ထားတယ်တို့ဘာတို့ ဟီး တင်ပြီးမှ ကြေညာဝင်ခြင်း

YOU ARE READING
*No reason*
Fanfictionထူးဆန်းတဲ့ ကောင်မလေးနဲ့ ကြုံတွေ့ရတဲ့အခါ မထင်မှတ်ဘဲ ကောင်လေးနဲ့ ဆုံရတဲ့အခါ နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ကြမလဲ ဘယ်သူတွေ ဝင်လာမလဲ သူတို့ရဲ့အတိတ်ကရော?? *********No reason *******