*No reason*Part-5

4.3K 365 6
                                    

Soo မေးနေတယ်လေ ဘယ်မှာနေတာလဲလို့

သိဘူး

ဘာ မသိဘူး ဟုတ်လား ဒါနောက်စရာ မဟုတ်ဘူး
Soo မနောက်ပါဘူး

မျက်နှာလေး ချက်ချင်း ညိုးကျသွားတယ်

ကဲ ထိုင်ပါဦး မင်းအိမ်က ထွက်ပြေးလာ တာလား
Soo ဘာမှပြန်မဖြေ
Soo .....Kai အတတ်နိုင်ဆုံး အသံကို လျှော့ပြီး ချိုသာအောင် ခေါ်လိုက်တယ်

ဟင့် ဟင့်
Soo ဆီမှ ရှိုက်သံ ယဲ့ယဲ့လေးတွေ ထွက်လာတယ်

ဟာ Soo ငိုနေတာလား ဘာလို့လဲဟင် ကိုယ် ဘာမှားသွားလို့လဲ

ကိုယ် ကိုယ်ဆိုတဲ့ အသုံးအနှုန်း သုံးမိသွားတာလား

Soo တောင်းပန်ပါတယ် Soo လေ Soo က တစ်ကယ်တော့ သွားစရာလည်း မရှိဘူး နေစရာလည်း မရှိဘူး

ဟင် ဒါဆို အရင်က ဘယ်မှာနေလဲ

အိမ် ဟုတ်တယ် အရင်ကတော့ Soo တို့အိမ် ခုတော့ ဟင့် ဟင့်

ကျွတ် ငိုပြန်ပြီ မငိုပါနဲ့ မငိုဘဲ ပြောနော်ီ

ဘာကြောင့်မှန်းမသိ ရင်ဘတ်ထဲက နာကျင်လာတယ် Soo မျက်ရည်တွေ ကို မြင်တိုင်း....

ထိုစဉ် Kai ph လေး မြည်လာပြီး Two moons ringtone..

Yebowsayaw...ပြော ဟေ့ကောင်

အေးကွာ Kris hyung birthday လေ ငါတို့မစားလိုက်ရဘူး သိတယ်မလား

သြော် အေး မနေ့က duty ကြောင့် ပျက်သွားတာလေ ငါ့ကို ph တွေ ဘာတွေ ဆက်ပြောပြီးမှ ပွဲပျက်သွားတာ

အေး ညနေ ထပ်ချိန်းတာ သိတယ်မလား

အေး သိတယ်

ငါအခု present သွားဝယ်မလို့ Baek လည်းပါတယ် မင်းပါလာခဲ့လေ ငါတို့ အတူ သွားကြတာပေါ့

Ok! အတော်ပဲ ငါ ဘာမှမဝယ်ရသေး တာနဲ့ ငါ လာခဲ့မယ်

ဟုတ်ပြီ ဆေးရုံနားက ကုန်တိုက်မှာ စောင့်နေမယ်

ကောင်းပြီ bye Yeol....

Bye....

Soo ငါ ရေချိုးလိုက်ဦးမယ် အပြင်က အခုသွားရမှာမို့

Nae....

ဟူး မင်းကို ငါ ပြန်လိုက်ပို့ပေးမလို့ကို မင်းက ဘာမှ မပြောတော့လည်း

ကောင်းပြီ ဒီမှာပဲ နေလိုက်ဦးပေါ့

Jinja gomawo Kai

ကလေးတစ်ယောက်လို ပျော်သွားတဲ့ Soo ကိုကြည့်ရင်း Kai ပြုံးလိုက်တယ် အခုတော့လည်း ပြုံးနေတာပဲ

ငါပြန်လာရင် ငါသိချင်တာတွေ ပြောပြရမယ်
Soo ကြိုးစားပါ့မယ် Kai ကို ပြောပြဖို့
Soo အပြုံးတွေ ဖျော့တော့ သွားသည်

မင်းအကြောင်း မေးလိုက်ရင် မင်းမျက်နှာက ချက်ချင်း ညိုးသွားတာပဲ ဘာပဲဖြစ်ဖြစ် ငါသိသင့်တယ် ထင်လို့ပါ

ဟုတ်ပါတယ် Soo ပြောပြပါ့မယ်

Ok! ပြီးမှ No reason ဆိုပြီး မလုပ်နဲ့

ဟီး ဟုတ်ကဲ့ပါရှင့်

Kai ပြင်ဆင်ပြီးနောက်

သြော် ညစာအတွက်

ရပါတယ်ရှင် Soo ကြည့်စားလိုက်ပါ့မယ်

တံခါးသေချာပိတ်ထား ဒါဆို သွားပြီနော် Nae...

Kai ခဏ Soo ရေချိုးပြီးရင် ဝတ်ဖို့ အင်္ကျီမရှိ

ငါ့ ဘီရိုထဲက အဆင်ပြေတာ ယူဝတ်လိုက်

ဟာ ငါက လွယ်လွယ်ကူကူ ယူဝတ်လိုက် လို့ပြောလိုက်တာလား ငါဘာဖြစ် သူစိမ်းတွေ ငါ့ပစ္စည်း ကိုင်တာ မကြိုက်တဲ့ ငါက

ပြီးတော့ အိမ်မှာ မနေ့တစ်နေ့ကမှ သိတဲ့ Soo ကို စိတ်ချလက်ချ ထားခဲ့တဲ့ ကိုယ့်ကိုကိုယ် အံ့သြနေမိတယ်

Kai ထွက်သွားတော့ Soo ပျင်းပြီး ကျန်ခဲ့တယ် အိမ်က ယောကျာ်းတစ်ယောက် နေနေပေမယ့် သန့်ရှင်းသပ်ရပ်နေတယ်

Soo စိတ်ထဲ ဒီလို နွေးနွေးထွေးထွေး မခံစားခဲ့ရဖူးဘူး သူရဲ့ ဂရုစိုက်မှုတွေ လိုချင်ပြီး သူ့နားမှာ နေချင်မိတယ်

မဖြစ်နိုင်ဘူး ငါထွက်သွားရမှာ သူက ငါ့ကို အိမ်ပေါ်ခေါ်တင်ထားတာပဲ ကျေးဇူးများနေပြီ တော်တော် Soo နင်ဘာတွေတွေးနေတာလဲ

သြော် ငါလည်း ဘာလို့ ဒီမှာ အေးဆေးနေနိုင်တာလဲ လုံခြုံတယ်လို့ ခံစားရတယ် အင်း Kai သူဘာလို့ တစ်ယောက်တည်း နေတာလဲ

Soo နဲ့ Kai အကြောင်းလေးကို သိချင်ရင် စောင့်ပါနော် ဇာတ်လမ်းအရ Kris,yeol,baek တို့ အကြောင်း ရှင်းရဦးမှာမို့ပါ miya...

Waiting for vitamin votes and feedbacks....saranghae...

gamsamitha..90° bows..

*No reason*Where stories live. Discover now