*No reason* Part-4

4.7K 386 9
                                    

ကဲ အခုတော့ နားလိုက်တော့ အားပြည့်အောင် အိပ်လိုက်ပါ မင်းကြည့် ရတာ stress တွေများနေတယ် Ok! Good Night....

Nae...Good Night too..

Kai ပြုံးပြီး အခန်းထဲက ထွက်လာလိုက် တယ် သူစိမ်းတစ်ယောက်ကို ပထမဆုံး ဂရုစိုက်မိခြင်းပဲ

ငါ ဘာကြောင့် သူ့ကို ဂရုစိုက်နေတာလဲ

သူက ကားပေါ်မှာသာ လူကို ကိုက်စား တော့မလိုနဲ့ အခုကျတော့လည်း သဘောကောင်းတာပဲ Soo တွေးပြီး ပြုံးလိုက်တယ်

Soo ဆေး အရှိန်နဲ့ ကောင်းကောင်း အိပ်ပျော်ခဲ့တယ်

့ မျက်နှာပေါ် ကျရောက်လာသော နေရောင်ဖျော့ဖျော့လေးကြောင့် Soo အိပ်ရာက နိုးလာခဲ့တယ်

အခန်းပြင်ကို ထွက်လိုက်တော့ coffee နံ့သင်းသင်းလေး Soo လည်း မျက်လုံး ကစားကြည့်လိုက်တော့ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတဲ့ Kai

ဟင် သူက ငါ့ထက် အရင်နိုးနေတာလား ကျွတ် ငါက မိန်းကလေး ဖြစ်ပြီး ပြီးတော့ ငါက မနက်စာ ပြင်ပေးသင့်တာ အားနာစရာတွေ ဖြစ်ကုန်ပြန်ပြီ

Kai Soo ကိုတွေ့သွားတော့

သြော် နိုးပြီလား လာလေ Soo

Soo တဲ့ သူ့အသံလေးက ချိုသာလိုက်တာ အဲလိုမျိုး ခေါ်တာကို မကြားရတာကြာပြီ appa appa ဆုံးပြီးတည်းက....

Soo မျက်ရည်လေးတွေ ထိန်းလိုက်ပြီး စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်တယ်

သူဘာလို့ မျက်နှာမကောင်းတာလဲ နေမကောင်းသေးဘူးလား

ဟာ တော်ပြီ Kai မင်း မနက်စာ ထပြင်ပေးတာတောင် တော်တော် လွန်နေပြီ ဘာတွေ စိတ်ပူနေတာလဲ

နှစ်ယောက်လုံး ဘာမှမပြော တိတ်ဆိတ် နေတယ် အရှေ့မှာ ထားထားတဲ့ coffee တောင်အေးနေပြီ

ဒီကောင်မလေး coffee တွေ မုန့်တွေ မမြင်ဖူးဘူးလား ပြူးပြီး ကြည့်နေတယ်

ကျွတ် စိတ်ရှုပ်လိုက်တာ ဘာလေးမှန်း သိဘူး

Ya...Soo ဘာကြောင်နေတာလဲ စားလေ

ရှင် သြော် Nae

မင်းသက်သာရဲ့လား

Nae Doctor ကောင်းလေးနဲ့ တွေ့သွားလို့ နေကောင်းသွားပါပြီ
Soo သူ့ရဲ့ နှုတ်ခမ်းလေးတွေနဲ့ အလှပဆုံး ပြုံးလိုက်တယ်

Kai Soo ကိုကြည့်ရင်း အဟွတ် အဟွတ် အဟက်

ဟယ် Kai ရရဲ့လား သီးသွားတယ် ထင်တယ်

မင်းက သီးအောင်လုပ်တာကိုး အရှုပ်ထုပ်လေးရဲ့

coffee တွေက အေးစက်နေပြီ အဲဒါ မင်းမသောက်ပဲ ထိုင်ကြည့်နေလို့ ပေး ပြန်နွေးမှရမယ်

ရပါတယ် Soo လုပ်ပေး

ငါလုပ်မယ် ဖယ်..

Kai ရုတ်တရက် အသံမာသွားတော့ Soo မျက်လုံးလေးတွေ ပြူးသွားတယ်

Boya?? ဘာဖြစ်တာလဲ ဒေါသထွက်သွားတာလား ဘယ်လိုလူ မှန်းသိဘူး

တစ်ကယ်တော့ ရှက်ရမ်းရမ်းသွားတာပါ

ဘာတုန်းဟ သူပြုံးတာကို ကြည့်ပြီး သီးရတယ်လို့ Ugh!!! ရှက်လိုက်တာ ဟီး အသည်းပုံ နှုတ်ခမ်းလေး ချစ်ဖို့ ကောင်းသား

Ya... ဘာတွေ တွေးနေပြန်ပြီလဲ Kai ခေါင်းခါလိုက် ရမ်းလိုက် လုပ်နေတော့

Kai ဘာဖြစ်တာလဲဟင် ခေါင်းမူးလို့လား

မမူးဘူး ရော့ သောက်လိုက်

Nae

ဖြည်းဖြည်းသောက် ပူမယ်

စကားမဆုံးလိုက်....

ဖူး အဟွတ် အဟွတ် ပူလိုက်တာ

ဟား ဟား Kai အားရပါးရ ရယ်လိုက်တယ်

ဘာရယ်တာလဲ

သတိထားမှာပေါ့ ခုတော့ ပူသွားပြီမလား
Soo coffee cup လေးကို စောင့်ချ နှုတ်ခမ်းကိုစူပြီး ခြေစောင့် ထွက်လာလိုက်တယ် မသွားခင် Kai တို့ ပြူးမျက်စောင်း ရလိုက်သေးတယ်

ဘာတွေဖြစ်နေတာလဲ နမော်နမဲ့နဲ့ ရှက်လိုက်တာ သူ့ရှေ့မှာမှ ဟွန်း အကျင့်ကို မကောင်းဘူး သူများကို အားရပါးရ ရယ်နေတယ် ဒါပေမယ့် ရယ်တာက ကလေးလေးကျနေတာပဲ ချစ်ချာလေး

ဟဲ့ ဟဲ့ ဘာတွေတွေးနေတာလဲ မိ Soo နင်...တော်ပြီ တော်ပြီ

Kai : ငါ ဒီနေ့ အပြင်သွားစရာ ရှိတယ် အဲ့တော့ မင်းအိမ်ကို လိုက်ပို့ပေးမယ် မင်းအိမ်က ဘယ်မှာလဲ

Kai စကားကြောင့် Soo ပျော်နေတာ လေးတွေ ပျောက်ကုန်တယ်

အိမ် အိမ် ဆိုတာ ဘာလဲ Soo အတွက်တော့ ဘာမှန်းမသိတဲ့ အရာတစ်ခု

Soo မေးနေတယ်လေ ဘယ်မှာနေတာ လဲလို့

မသိဘူး

သိဘူးတဲ့ ဘိုလုပ်မလဲ?? Part-5 ကျပါမှာပေါ့နော်

Waiting for vitamin votes and feedbacks....saranage..gamsamitha..90° bows.....

*No reason*Tempat di mana cerita hidup. Terokai sekarang