Ep 2 [ Mingyu's Side ]

231 20 6
                                    

{Zawgyi}

"သြော်! ဟိုမှာ မင်းရဲ့ မျက်မှန်လေး လာနေပြီ"

basketball လေ့ကျင့်ရန်အတွက် အားကစား ခန်းမထဲ ရောက်နေသော Mingyu တို့ အုပ်စု ။
မဆော့ခင် သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်တွင် သူငယ်ချင်းတစ်ယောက်ရဲ့ အနားတိုးတိုး ကပ်ပြောသံကြောင့် သူမော့ကြည့်လိုက်မိသည် ။
ခပ်လှန်းလှန်းတွင် .. အားကစားခန်းမစီသို့ ကုတ်ချောင်းချောင်းနဲ့ ဦးတည်လာနေသော ပိန်ပါးပါး ကောင်လေးတစ်ယောက်ကို တွေ့နေရ၏ ။

နေ့တိုင်းရယ် မဟုတ်ပေမယ့် တစ်ခါတစ်လေ ကျတော့လဲ နေ့တိုင်းနီးပါးရောက်လာတဲ့ ကောင်လေး ။
ဘယ်ကလဲ ဘယ်သူလဲ စုံစမ်းကြည့်တော့ ကျောင်းက သင်္ချာဆရာရဲ့ အိမ်နီးချင်းအသိတဲ့ ။
အမျိုးလဲမဟုတ် အသိကောင်လေးက ဒီလို ကိုယ်တက်နေတဲ့ကျောင်းမဟုတ်ပဲ ခဏခဏ ဝင်ထွက်နေပုံရရင် ဆရာနဲ့က တော်တော် ရင်းနှီးပုံရတယ် ။
နေလဲတအားကောင်းမယ့်ကောင်လေး မဟုတ်လောက်ဘူး ။ အသားက ဖြူဖြူ ခပ်ပိန်ပိန်နဲ့ သူ့ တစ်ခြမ်းကျော်ကျော်လောက်ပဲ ရှိမယ် ခန္ဓာကိုယ်က ။
basketball ကို သဘောကျလို့ လာတယ် ဆိုပေမယ့် .. သူ့မျက်လုံးတွေက ကစားတာမှာပဲ အချိန်ပြည့်ရှိမနေဘူး ။
တစ်ခါတစ်လေ အားပေးတဲ့စင်မှာ ထိုင်နေရင်း စာအုပ်တစ်အုပ်နဲ့ တစ်ခုခုလုပ်ရင် လုပ်နေသေးသည် ။

လက်ကလေးနှစ်ဖက်အုပ်ပြီး ချောင်းဆိုးသံ မကျယ်အောင် ခိုးဆိုးလို့ဆိုး ။
အချို့ချိန်တွေကျ ချောင်းမဆိုးပဲ နှာချေနေတတ်ပြန်ကော ။
သူ့မှာ လေ့ကျင့်ရင်းနဲ့ စိတ်နည်းနည်း လွင့်သွားတဲ့ အချိန်ဆိုရင် အဲ့ကောင်လေးစီ မျက်လုံး ရောက်ရောက်သွားတာကလဲ တအားထူးခြားတယ်။
သူတို့အဖွဲ့ ကို လေ့ကျင့်ချိန်မှာပါ အမြဲ အားပေးတဲ့ တစ်ဦးတည်းသော ပရိတ်သတ်လေး မိုလို့ လားတော့မပြောတတ်ပါဘူး ။
ဆူညံဆူညံမလုပ်ပဲ ..ငြိမ်ငြိမ်လေး ထိုင်ကြည့်နေတတ်တဲ့ ကောင်လေး ။

သူနဲ့ အကြည့်ချင်းဆုံရင်တောင်.. ကောင်လေးက မျက်နှာလွှဲသွားတာတို့ ဘာတို့ မရှိဘူး ။
အေးအေးဆေးဆေးပဲ ပြန်ကြည့်နေတတ်တော့
ကိုယ်ကတောင် ရှက်ကိုးရှက်ကန်း ဖြစ်မိရဲ့😅

Adore U .. [ On Going ]Where stories live. Discover now