Ep 3 [ Jeonghan's Side ]

251 20 6
                                    

{Zawgyi}



( Jeonghan POV မို့ အဖြစ်အပျက်တွေက ရှေ့ကို ပိုရောက်နေပါလိမ့်မယ်နော် ။ )
.
.
.
.
.
.
.
.
.
.
.
.
အထက်တန်း ဒုတိယနှစ်

Yoon Jeonghan ဆိုတာ အခန်းထဲမှာ အလှဆုံး မိန်းကလေး ။
သူမကို ပြိုင်နိုင်တဲ့သူ မရှိဘူးဆိုတာ ဒုတိယနှစ် အခန်းခွဲတွေ အားလုံးသိသည် ။
ဂျူနီယာ စီနီယာတွေက မြင်ရင်လဲ.. သူမတစ်ယောက်က အလှဆုံးဆိုတာ ဘယ်တော့မှ မလွဲတဲ့ အဖြေထွက်လာလေရဲ့ ။
အဲ့လို တအားလှနေသော မိန်းကလေးမို့ .. ရန်တွေကလဲ များသား .. ။
သူမနဲ့ Date ခွင့်ရဖို့ ချောင်းနေသော ယောက်ျားလေးများလဲ ရှိသလို .. သူမကို အပြစ်ပြောဖို့ မျက်စိဒေါက်ထောက်ကြည့်နေသော မိန်းကလေး များလဲများသည် ။
တော်သေးသည်က သူမက စာမတော်.. ။
အခန်းထဲမှာ အညံ့ဆုံးလဲမဟုတ် .. အတော် ဆုံးလဲ မဟုတ်ပါတဲ့ အလယ်အလတ်ပေါ့ ။
ဒါကြောင့်လဲ သူမကိုမနာလိုသူတွေ နည်းနည်း လျော့သွားစေသည် ဆိုရမလား ။

သူမကတော့ .. ဒီလိုအခြေအနေမျိုးတွေကို ပျော်သည် ။ တအားကြီးတော့ မနှစ်သက်ပေမယ့်
အပယ်ခံ ဘဝနဲ့ နေရတာထပ် စာရင်တော့ တော်သေးသည်မလား ။
ပေါ်တင်မုန်းပြနေတဲ့ အုပ်စုတွေ ရှိပေမယ့်..
သူမနဲ့ သူငယ်ချင်းဖြစ်ချင်လို့ အတင်းကြိုးစားနေသော အသင့်တင့် ချောသည် ကောင်မလေး များလဲ ရှိသည် ။
ဒါပေမယ့် Jeonghan က ပါးနပ်သည်မို့ .. ဘယ်သူကိုမှ တအားလဲမရော .. အတင်းလဲ ပမထုတ် ။ မည်သူကိုမဆို အလိုက်သင့်ပဲပေါင်းသည် ။
ယောက်ျားလေးများကိုဆိုရင်တော့.. သူမက ခပ်ချေချေ ခပ်တန်းတန်းပဲ ပြန်ဆက်ဆံ၏ ။
ဘာလို့ဆို ... သူမက မကောင်းတတ်လို့ ဖော်ရွေပေးတာပေမယ့် .. မကျေနပ်သူတွေကြားမှာ သူမက ... ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့ မိန်းကလေး အဖြစ် ဖြစ်သွားမှာစိုးရိမ်သည်ကိုး ။

မိဘတွေကလဲ.. ချမ်းသာတဲ့ အထဲမှာပါတော့ .. သူမနေ့စဉ်တာဝန်က .. လှလှလေး ပြင်ပြီး လှလှလေး နေဖို့သာဖြစ်သည် ။
ကျောင်းစာအတွက် တစ်နှစ်တစ်တန်းအောင်အောင် .. အကောင်းစားဂိုက်တွေ ငှားပေးနိုင်ပြီး ။
မုန့်ဖိုးဆိုရင်လဲ အမေဖြစ်သူရဲ့ပါးလေး တစ်ချက်နမ်းလိုက်ရုံနဲ့ လိုသလောက်သုံး ။
အမေကိုယ်တိုင်က  Top 3  တက္ကသိုလ်တွေကို တက်နိုင်ရမယ်ဘာညာ ကန့်သတ်ချက် ထားမထားတာမို့ .. စာလုပ်ကိုလုပ်ရမယ့် Pressure ကလဲ သူမတွင်မရှိ ။
ဒါကြောင့်လဲ စိတ်ချမ်းချမ်းသာသာနဲ့ ကြီးပြင်းလာရတဲ့ ကောင်မလေး .. ။

Adore U .. [ On Going ]Where stories live. Discover now