Ep 1 [ Wonwoo's Side ]

361 21 3
                                    

{Zawgyi}


Hyung နဲ့ ကျွန်တော်နဲ့က အလယ်တန်းထိ ကျောင်း တူခဲ့ပေမယ့် .. အထက်တန်းအရောက်မှာ တော့ ကျောင်းကွဲသွားခဲ့ကျတယ် ။
ကျွန်တော့်ထက် ၁ နှစ်ကြီးတဲ့ Hyung က အထက်တန်း ဒုတိယနှစ်မှာ ကျောင်းစာကို စိတ်မဝင်စားတော့လို့နဲ့ တူပါတယ် ။
အားကစားတွေပဲ အများဆုံး လုပ်ရတဲ့ ကျောင်းကို ပြောင်းသွားတယ် ။
အဲ့တော့ သူနဲ့တူအောင် ကျောင်းလိုက်ပြောင်းသော ကျွန်တော့်အတွက် .. ဒုက္ခရောက်သွားတာပေါ့ ။
ပြီးရင်လဲ Hyung က Uni ကို အဲ့ကျောင်းက ဘွဲ့ရရင် တန်းတက်လို့ရတဲ့ ဟာမှာပဲ တက်လိမ့်မယ်ထင်ပါတယ် .။
အဲ့နယ်ပယ်က ကျွန်တော် မကျွမ်းတော့ .. အခေါ်အဝေါ်တွေကို သိပ်မသိဘူးရယ် ။
ကျွန်တော် သိတဲ့ တစ်ခုက Hyung ဟာ ဘက်စကတ်ဘော ကစားတာမှာ အရမ်းတော်တာပဲ ဆိုတာ ။

ဘက်စကတ်ဘော ကစားလို့ပဲ ရှည်လာသလား .. နဂိုကတည်းက အရပ်ရှည်ဖို့ ကံပါလာသလား မသိရတဲ့ ကျွန်တော့် Hyung က အခုဆို အရပ် ၆ ပေ ၂ ကျော်လို့ ... ဘယ်လောက် ဖြစ်နေပြီလဲတောင်မသိတော့ဘူး ။
လူကောင်ကလဲ ထွားပြီး .. အားကစား တအားလုပ်တာမို့ Hyung ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ကြည့်လို့ အဆင်ပြေတဲ့ အဖုအထစ်တွေရယ် အပြည့်နဲ့ ။
Hyung လေ့ကျင့်တဲ့အချိန်တိုင်း ကျွန်တော့် ကျောင်းဆင်းချိန်နဲ့ တိုးလို့ သွားကြည့်ဖြစ်တဲ့အခါ .. အသားညိုတဲ့ Hyung က ချွေးတွေ စီးကျနေတာတောင် ဆွဲဆောင်မှု ရှိနေတုန်းပဲ ။
Hyung မောလို့ .. ဆံပင်တစ်ချက်သပ်တင်လိုက်တိုင်း ဆက်ကနဲကျသွားတဲ့ .. ဆံပင်က ချွေးစက်တွေက သူများအတွက် .. ဘယ်လိုနေမယ် မသိပေမယ့် .. ကျွန်တော့်အတွက်တော့ မိုးဦး ကျစမှာ ဖြည်းဖြည်းလေး ရွာသွန်းတဲ့ မိုးစက်တွေကို ကြည့်နေရသလိုပဲ ။
တစ်စက်ချင်း တစ်စက်ချင်းဟာ.. ရင်သက်ရှုမောဖွယ် ကောင်းသလောက် .. အမှတ် ၁မှတ်တိုးတိုင်း ပင့်တက်သွားတဲ့ နှုတ်ခမ်းလေးတွေကြားက တိုးထွက်လာတဲ့ သွားစွယ်လေးတွေကပါ.. နှစ်လိုဖွယ် အတိပြီးတယ် ကျွန်တော့်အတွက် ။

ကျွန်တော့်အတွက် Hyung ဟာ အဲ့လိုမက်မက် မောမော ငေးကြည့်ရလောက်တဲ့အထိ သက်ရောက်မှု ရှိနေလေရဲ့ ။


😸😸😸😸😸😸😸😸😸😸😸😸😸😸😸

😸😸😸😸😸😸😸😸😸😸😸😸😸😸😸

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Adore U .. [ On Going ]Where stories live. Discover now