{Zawgyi}
Hyung ကဘာလို့ ကျွန်တော့်ကို လိုက်စကား ပြောတာလဲ?
ပြီးတော့ Hyung က ဘာလို့ ကျွန်တော့်ကို အိမ်ပြန်လိုက်ပို့တာလဲ?
Hyung နဲ့ ကျွန်တော်နဲ့ တစ်လမ်းတည်းဆိုတာ သိပေမယ့် .. ဒီလိုလိုက်ပို့ခံရဖို့ကို မပြောနဲ့ .. အိမ်ရှေ့က ဖြတ်သွားတာတောင် မြင်ရဖို့က ရှားတယ် ။
ကျန်တာ မဟုတ်ပါဘူး .. ကျွန်တော်က စာဖတ်ရတာ ဝါသနာပါတာရယ်..
အားတဲ့အချိန် Game ဆော့နေတာရယ်ကြောင့် သူ ကျောင်းသွားကျောင်းပြန်ကိုတောင် အိမ်ရှေ့က ဖြတ်သွားမသွား ..
ကျွန်တော့်အခန်းပြတင်းပေါက်ကနေ မကြည့်ဖြစ်ဘူး ။
ကြည့်ဖို့လဲ မရဲဘူး ။သံယောဇဉ်မပိုချင်လို့လေ ။
Hyung ဘက်စကတ်ဘော ကစားတာကို နေ့တိုင်းသွားကြည့်မိတာတောင် ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တအား လွန်နေသလိုပဲ ။
ဒါပေမယ့် မသွားပဲမနေနိုင်လို့သာ .. သွားနေရတာ ။ကျွန်တော်က ဘယ်လိုလူမျိုးလဲဆိုတော့ .. ကိုယ့်ကိုကိုယ် Confidence သိပ်မရှိတဲ့ လူမျိုးဗျ ။
ဘယ်နေရာမဆို ကိုယ်နဲ့ လိုက်လျောညီထွေ မရှိဘူး .. အံဝင်ခွင်ကျ မဖြစ်ဘူးလို့ တွေးနေမိတာ။
အဲ့တာကြောင့် သူငယ်ချင်းလဲ အများကြီး မရှိတာ နေမယ် ။
အနေတအားအေးတဲ့ အထဲပါတာမို့ ကိုယ့်ကို လာပေါင်းတဲ့ သူတွေကလွဲရင် အခြားသူတွေနဲ့ အခေါ်အပြောမရှိဘူးရယ် ။ပြီးတော့.. Hyung နဲ့ ပတ်သတ်ရင် ကျွန်တော်က ယောက်ျားလေးလေ ။
ယောက်ျားလေး တစ်ယောက်က အခြား ယောက်ျားလေးတစ်ယောက်ကို ကြိုက်တာ ..
ကြိုက်နေရသူ ကျွန်တော့်အတွက် ဘာမှ မဖြစ်ပေမယ့် ။
သူ သိသွားရင်ကော ? Hyung သိသွားပြီး ကျွန်တော့်ကို အထင်သေးမှာ ကြောက်နေမိတယ် ။
Hyung က တအားချောပြီး တအားလဲ စော်ကြည်တာ ။ Hyung နဲ့တွဲချင်နေတဲ့ ကောင်မလေးတွေများ ဝိုင်းနေတာပဲ ။
အဲ့လို လူတစ်ယောက်က .. ကျွန်တော့်ကို စိတ်ဝင်စားပါ့မလား ?
ဆက်မကြိုက်ဖို့ .. မဖြစ်နိုင်လို့သာ .. ဆက်ကြိုက်နေမိပေမယ့် .. သိသွားမှာလဲ ကြောက်တာမို့ အရမ်းရှေ့မတိုးခဲ့တဲ့ ကျွန်တော် ။အခုကျမှ .. Hyung ကို တအား အာရုံစိုက်မိနေတယ် ။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
[ နောက်တစ်နေ့ မနက် ]
YOU ARE READING
Adore U .. [ On Going ]
FanfictionBL/Normal "Hyung တော့မသိပေမယ့် .. တစ်နေ့ကျရင် ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော် တွေးထားဖူးပြီးသားပါ" 🔻Meanie 🔀 Gyuhan 🔻staring ➖ Coupshan , Jihan