2 🧜‍♂️ (U+Z)

488 47 4
                                    

Unicode 👇

ထိုင်းနိုင်ငံ၏ ရေအောက်ကမ္ဘာမှာ အကြီးမြတ်ဆုံး၊ အာဏာအရှိဆုံးသူကို ပြောပါဆိုလျှင် အားလုံးက ဘုရင်မကြီး Marina ဟုသာ ဖြေကြပေလိမ့်မည်။ ဘုရင်မကြီး Marina တွင် သားတစ်ယောက်ရှိသည်။ သူ့နာမည်က Off Jumpol ။

ရေအောက်ကမ္ဘာတွင် Off ကို မသိသူမရှိ။ ရေသူမပျိုမေတိုင်းသာမက ကာလသားရေသူများ၏ Ideal type လည်းဖြစ်သည်။ ကြင်နာတတ်သည်။ ချောသည်။ ဖော်ရွေသည်။ အာဏာရှိသည်။ ထိုသို့ ဘယ်ဘက်ကကြည့်ကြည့် ပြစ်ချက်မရှိသူကို မနှစ်သက်သောသူ မရှိပေ။

ထို့အပြင် ထိုင်းရေအောက်လောကရဲ့ မင်းသားလေးဖြစ်သောကြောင့် အားလုံးက လေးစားအားကျရသူလည်း ဖြစ်သည်။

သို့သော်ငြားလည်း Off ကမူ ရေအောက်ကမ္ဘာအကြောင်း စိတ်မဝင်စား။ သူစိတ်ဝင်စားသည်က လူသားများသာဖြစ်သည်။ သူတို့ရဲ့ ခြေထောက်တွေနဲ့ သွားလိုရာသွားနေသည့်ပုံကို Off အလွန်အားကျရသည်။ လူသားတွေက ကုန်းပေါ်တွင် နေနိုင်သလို ရေအောက်လည်း ဆင်းနိုင်သည်။ ရေသူများကမူ ရေအောက်တွင်သာ နေနိုင်ပြီး ကုန်းပေါ်တွင် မနေနိုင်။ ဒီရှုပ်ရှုပ်ယှက်ယှက် အမြီးကြီးနဲ့ တွားသွားရင်း ဖုန်အလူးလူးလှိမ့်နေမှာ မြင်ယောင်သေး။

Off ငယ်ငယ်က တစ်ချိန်လုံး ရေမျက်နှာပြင်ထက်မှာပဲနေနေလို့ မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို အကြိမ်ကြိမ်ခံခဲ့ရသေးသည်။ ဒါတောင် အမှတ်မရှိသေး။ ဘယ်သူမှ မသိအောင် ခိုးခိုးသွားနေသေးသည်။

တစ်နေ့ မိခင်ဖြစ်သူ နာမကျန်းဖြစ်လေသည်။ ရောဂါအခြေအနေမှာ အလွန်ဆိုးသောကြောင့် သေလုမြောပါး ဖြစ်နေသည်။ ကုသနိုင်သည့် ဆေးလည်း မရှိတော့ပေ။ အလွန်ဆုံးနေရမည့်အချိန်မှာ ၂ လသာကျန်သည်။

"သားလေး.. မင်းကို တစ်ခုပြောစရာရှိတယ်.. တကယ်တော့ မင်းအဖေက လူသားပဲ.."

Off တစ်ယောက် shock အကြီးကြီး ရိုက်ခဲ့သည်။ သူ့ကိုယ်ထဲတွင် ပျော်ရွှင်မှု၊ အံ့သြမှုနှင့် ဝမ်းနည်းမှုတို့က နေရာလုနေကြသည်။ Off သည် လူသားများကို အလွန်ချစ်သောကြောင့် သူကိုယ်တိုင်ပင် လူ့သွေးပါသည်ကို ကြားသောအခါ ပျော်ရွှင်သွားရသည်။ ရုတ်တရက်ကြီး သိလိုက်ရသောကြောင့် အံ့သြရသည်။ မိခင်ဖြစ်သူ၏ ရောဂါအခြေအနေကြောင့် ခွဲခွာရတော့မည့်အချိန်ကို တွေးကာဝမ်းနည်းမိသည်။

My Man Merman || Offgun [Hiatus]Where stories live. Discover now