8 🧜‍♂️ (U+Z)

260 35 6
                                    

Unicode 👇

အချိန်ကား ည ၁၁ နာရီခွဲ...။
ကျောင်းဆောင်တစ်ခုလုံး တိတ်ဆိတ်အေးချမ်းလျက်ရှိသော်လည်း ပူလောင်နေရသူမှာ Off Jumpol...။ စာကြည့်စားပွဲတွင် ထိုင်ကာ အတွေးကမ္ဘာထဲ လွင့်မြောနေမိသည်။

နေ့လယ်က ကိစ္စကြောင့် ဒီညတော့ အိပ်ပျော်တော့မည်မထင်။ ဘာသဘောနဲ့ Tay ထိုသို့ ပြောသွားမှန်းမသိသော်လည်း သူ့ဦးနှောက်ထဲတွင် Tay ရဲ့ စကားသံများက ပဲ့တင်ထပ်လို့နေသည်။

လည်ပင်းကဆွဲကြိုးကို ဖြုတ်လိုက်ပြီး လက်ထဲမှာ ကိုင်ထားကာ လော်ကတ်လေးကို ကြည့်လိုက်သည်။ ပြုံးရယ်နေတဲ့ မိဘနှစ်ပါးရဲ့ပုံရိပ်က သူ့ရင်ကို နွေးထွေးစေခဲ့သည်။

"အဖေက အမေ့ကို အရမ်းချစ်ခဲ့မှာပဲနော်"

နှုတ်ကလည်း တီးတိုးရေရွတ်လိုက်ရင်း...။

"ကျွန်တော်လည်း အဖေ့ကို တွေ့ချင်လှပြီ... အချိန်ဖြုန်းနေသလိုဖြစ်နေရင် ခွင့်လွှတ်ပါ... အဖေ့ဆီ အရောက်လာခဲ့ပါ့မယ်... ပြီးရင် ကျွန်တော်တို့ အတူတူ အမေ့ဆီပြန်ကြမယ်လေနော်"

ထိုစကားအဆုံး ဝဲတက်လာတဲ့ မျက်ရည်တို့ကို လျစ်လျူရှုကာ စားပွဲပေါ်တွင် ခေါင်းမှောက်ချလိုက်သည်။

ထိုညက ကုတင်ပေါ်မှာလှဲနေတဲ့ Mek ကလည်း မအိပ်သေးဘဲ Off ကိုသာကြည့်နေရင်း တစ်ညလုံး အတွေးပေါက်ခဲ့သည်။

ဟုတ်ပါသည်..။ ကျောင်းအိပ်ဆောင်တွင် Off နှင့် Mek တို့က တစ်ခန်းထဲနေရခြင်း...။

ပုံမှန်အားဖြင့် အိပ်ခန်းတစ်ခန်းလျှင် ကျောင်းသား ၂ ယောက်နေရသည်။ New နှင့် Gun တို့က ၂ ယောက် တစ်ခန်းနေသည်။ Mek က တစ်ချိန်က အလွန်အနေအေးသော ကျောင်းသားဖြစ်ပြီး လူတွေနဲ့ ပေါင်းလေ့မရှိခဲ့ရာ အိပ်ခန်းတစ်ခန်းတွင် တစ်ယောက်တည်းသာ နေခဲ့သည်။

Off အတန်းပြောင်းလာသည့်အခါတွင်မူ Mek ၏ အခန်းဖော်အဖြစ် အတူနေစေသည်။

မနက်ခင်းရောက်တော့ လည်ပင်းပေါ်ရောက်လာတဲ့ အေးစက်စက်အရာကြောင့် Off ဆတ်ကနဲ ထလိုက်မိသည်။

"Mek...?"

Mek က ပြုံးပြလိုက်သည်။

"ကျောင်းသွားမယ်လေ"

My Man Merman || Offgun [Hiatus]Where stories live. Discover now