Unicode 👇
ဒေါက် ဒေါက် ဒေါက်...
"Gun ရေ... ဆန်ပြုတ်ဝယ်လာတယ်"
တံခါးခေါက်သံနဲ့အတူ ထွက်ပေါ်လာတဲ့ New ရဲ့အသံလေး။
"ဝင်လာခဲ့ လော့မချထားဘူး"
New ဝင်လာကာ ဆန်ပြုတ်ကို ပန်းကန်လုံးထဲထည့်ပြီး Gun ခုတင်ဘေးက စားပွဲပေါ်တင်ထားလိုက်သည်။
"P'Off ကော..? ပြန်ပြီလား"
"ပြန်ပြီပေါ့ ဘယ်အချိန်ရှိပြီလဲ... မိုးချုပ်တော့မှာကို"
"...."
တိတ်ဆိတ်သွားတဲ့ New ကို Gun တစ်ချက်ကြည့်လိုက်သည်။
"New"
"Gun"ခဏကြာလာတော့ ပြိုင်တူထွက်လာတဲ့ အသံတွေကြောင့် နှစ်ယောက်လုံးရယ်လိုက်သည်။
"အရင်ပြော Gun"
"မဟုတ်ဘူး ရတယ် အရေးမကြီးလို့ ... မင်းအရင်ပြော"
"....."
"ပြောလေ"
"အင်း... Gun.."
"....."
"မင်းငါ့ကို ဖုံးကွယ်ထားတာရှိလား"
"ဘာကိုလဲ"
"P'Off နဲ့ ပက်သက်ပြီး..."
"မင်း ဘာကို ပြောချင်တာလဲ... အဲ့လိုမျိုး... မရှိပါဘူး... ဘာကိုဖုံးကွယ်ရမှာလဲ"
"P'Off က လူလား"
"....."
လန့်သွားပုံရတဲ့ Gun ရဲ့မျက်နှာကို New သတိထားလိုက်မိသည်။ ထို့ကြောင့် စကားလွှဲကာပြောလိုက်မိသည်။
"P'Off က အရမ်းချောပြီး တော်နေတယ်လေဟာ... သူက လူမဖြစ်နိုင်ဘူး... နတ်သားပဲနေမှာ... ဟုတ်တယ်မလား... မနက်ကတောင် မင်းနေမကောင်းဘူးဆိုလို့ ပြေးသွားလိုက်တာ... စိတ်ကလည်း လှပ... တကယ်ကို နတ်သားလေးပါ"
New က ရယ်မောစွာပြောလိုက်သော်လည်း Gun ကတော့ စိတ်မအေးနိုင်တော့။ အမှန်တော့ ဒီကိစ္စကို New ကို ပြောပြထားသင့်သည်ဟု သူထင်မိသည်။
"မင်းကကော ဘာပြောမလို့လဲ Gun"
"အော်... မနက်ဖြန်မနက် ကျောင်းသွားမယ်.. ငါ့ကိုနှိုးလို့..."
YOU ARE READING
My Man Merman || Offgun [Hiatus]
FantasyLanguage : Myanmar Genre : Fantasy, Romance, Merman, BL Characters: Offgun (Main), Taynew (Supporting), Mek (Supporting), Krist (Supporting), Singto (Guest), Mook (Guest), Oab (Guest), Jup (OC), Jome (OC), Marina (OC). Font : Unicode + Zawgyi "Gun i...