Unicode 👇
"Mek... ငါအအေးသွားဝယ်လိုက်ဦးမလို့ မင်းအတန်းထဲသွားနှင့်"
မနက်ခင်းတွင် အိပ်ဆောင်မှ စာသင်ခန်းသို့ မသွားခင် Off က Mek ကို ပြောနေခြင်းဖြစ်သည်။
"အအေးသွားဝယ်မယ်??? မင်းက အအေးမသောက်ဘူးမလား"
"အင်း Gun နဲ့ New အတွက်လေ... မင်းနဲ့ စတွေ့တုန်းက အအေးတွေမှောက်သွားတာမှတ်မိလား.. အဲ့တာ သူတို့အတွက်ဝယ်လာတာ.. အဲ့ကတည်းက တစ်ခါမှ မဝယ်တိုက်ဖြစ်လို့ပါ"
"အဲ့လိုလား... အဲ့တာဆို ငါလည်းလိုက်မယ်လေ.. ငါ့ကြောင့်မှောက်သွားတာပဲ"
Off က ခေါင်းညိတ်ပြပြီးနောက် သူတို့ ၂ ယောက် အအေးဆိုင်ဆီသို့ သွားကြသည်။ သို့သော် အအေးဆိုင်မရောက်မီ Mek ရဲ့ ဖုန်းမြည်လာသည်။
"ခဏနော် Off.."
Caller ID ကို ကြည့်လိုက်တော့ "အဖေ"
Caller ID ကို Off မမြင်လိုက်သော်လည်း Mek မျက်နှာပျက်သွားသည်ကိုတော့ သတိထားလိုက်မိသည်။
"ဟယ်လို"
"Mek... အတန်းမတက်ခင် ရုံးခန်းခဏလာပါဦး"
"ဟုတ်ကဲ့..."
ထိုမျှသာပြောပြီး ဖုန်းချသွားသည့် Mek ကို Off က မေးခွန်းထုတ်လိုက်သည်။
"ဘယ်သူလဲ.."
"ကျောင်းအုပ်ကြီးပါ"
"...."
"ကျောင်းအုပ်ကြီးက ရုံးခန်းလာခိုင်းတာ... "
"အဲ့လို ဖုန်းဆက်ခေါ်တယ်လား ကျောင်းအုပ်ကြီးက"
"ဟုတ်တယ်လေ ကျောင်းအုပ်ကြီးက ကျောင်းသားတွေနဲ့ သူငယ်ချင်းလိုပဲပေါင်းတာ.. အရမ်းခင်ဖို့ကောင်းတယ်"
"ဟုတ်တယ်နော် ငါလည်း သူ့ပုံစံကို အရမ်းသဘောကျတယ်"
"အဲ့တာဆို Off အအေးသွားဝယ်လိုက်ဦးလေ.. ငါရုံးခန်းသွားလိုက်မယ် ပြီးရင် အတန်းထဲတူတူသွားကြမယ်.. အအေးဆိုင်မလိုက်နိုင်တော့ဘူး ရတယ်မလား"
"ရပါတယ် သွားပြီနော်"
ထိုနေရာမှာ လမ်းခွဲကာ ထွက်လာသည်။ Mek က ကျောင်းအုပ်ကြီးရုံးခန်းသွားကာ Off က အအေးဆိုင်ဆီသို့ သွားခဲ့သည်။
YOU ARE READING
My Man Merman || Offgun [Hiatus]
FantasyLanguage : Myanmar Genre : Fantasy, Romance, Merman, BL Characters: Offgun (Main), Taynew (Supporting), Mek (Supporting), Krist (Supporting), Singto (Guest), Mook (Guest), Oab (Guest), Jup (OC), Jome (OC), Marina (OC). Font : Unicode + Zawgyi "Gun i...