အပိုင်း ၁။ငါ့ထိုင်ခုံဘေးမှာဝင်ထိုင်တဲ့ သူစိမ်းကောင်လေး
မိုးက တဖွဲဖွဲရွာနေသည် ။ တစ်နာရီကျော်ကြာအောင် ရွာခဲ့ပြီးပြီမလို့ တိတ်တော့မလားဆိုပြီး မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေပါသော်လည်း မိုးကကျောင်းဆင်းချိန်ရောက်သည်အထိတိတ်မည့်ပုံမပေါ်။' အား မိုးရွာတာကိုမုန်းတယ် '
ဆံပင်ကို လက်နှစ်ဖက်ဖြင့်ဆွဲဖွပြီး ဆူပုတ်နေသော ဟျူနင်းသည် ခဏအကြာတွင် မကြားချင်ဆုံးသော အသံဖြစ်သည့် ကျောင်းဆင်းခေါင်းလောင်းသံအား စိတ်မချမ်းမြေ့စွာကြားလိုက်ရလေသည်။
" ဟာ! ကျေးဇူး "
မိုးရွာတာကို ဟျူနင်းမုန်းသည်။ ထီးယူဖို့ အမြဲမေ့ကျန်တတ်တဲ့သူ့ဦးနှောက်ကိုလဲ သူမုန်းသည်။
ကျောင်းရှေ့တွင် မိုးတိတ်မှာကိုရပ်စောင့်နေရင်း တစ်ယောက်ယောက်က သူ့ဘေးမှာလာရပ်လိုက်သည်ကို မျက်လုံးထောင့်စွန်းမှတစ်ဆင့်မြင်လိုက်ရ၏။ မသိမသာလေး ကြည့်လိုက်မိတော့ သူတို့ကျောင်းဝတ်စုံမဝတ်ထားသည့် အပြင်အဝတ်အစားနှင့်ကောင်လေးဖြစ်ကြောင်းသိလိုက်ရ၏။
'အဲ့ဒါ ငါနဲ့ဘာဆိုင်တာမှတ်လို့ မသိချင်ယောင်ဆောင်ပဲဆောင်ကြတာပေါ့ ဟျူနင်းခါအီရေ'
မိုးကလဲ တိတ်ကိုမတိတ်နိုင်တော့ ။ လေပြင်းတွေလဲတိုက်သေးတာကြောင့်မိုးပွားတွေက တစ်ချက်တစ်ချက် လာစင်သည်။
" မင်း ဘယ်အချိန်အထိ ဒီမှာရပ်နေမှာလဲ "
ဘေးကကောင်လေးက စကားအရင်လာပြောတာကြောင့် ဟျူနင်း စကားထစ်ကုန်သည်။
" ဟမ် ဘယ်..ဘယ်သူ ငါ့ကိုပြောနေတာလား "
မီးခိုးရောင်ဟူဒီကိုဝတ်ဆင်ပြီး ဦးထုပ်ပါဆောင်းထားသော ထိုကောင်လေးက ဟျူနင်းရှိရာဖက်သို့လှည့်လာပြီး ဆက်ပြောသည်။
" အခု ဒီမှာ မင်းနဲ့ငါကလွဲရင် ဘယ်သူရှိသေးလို့လဲ "
YOU ARE READING
Perfect Match ||Tyunning ✔
Short StoryHuening Kai X Kang Taehyun Cover by _KimAlice_