Happy Hueka Day🎉

603 82 19
                                    

" ဟျူနင်းခါအီ ဘာလုပ်နေတာလဲ မြန်မြန်ထွက်မလာပဲနဲ့ "

အပြင်မှာ ထယ်ဟွန်းစောင့်နေမှန်းသိတာကြောင့် နည်းနည်းလောက်ပဲဖြစ်ဖြစ် ပိုကြည့်ကောင်းချင်လို့ ဆံပင်ချည်းပဲ သေချာဖြီးနေမိတာ အဲ့ဒါနာရီဝက်လောက်ကြာတော့ ဘွန်မ်ဂယူဟျောင်းန်က စိတ်မရှည်တော့ဘူးနဲ့တူပါတယ်။

" ဟုတ် လာပြီ "

အဖြူရောင် long sleeve shirtနဲ့ Jean pantကိုတွဲဝတ်ထားသည့် ဟျူနင်းက ထယ်ဟွန်းဝတ်ထားသည့် T shirtနှင့်အရောင်ချင်းဆင်တူနေသည်မလို့ ပျော်သွားခဲ့၏။

" တောင်ပေါ်က ဆုတောင်းပွဲကိုခြေလျင်သွားရမှာနော် ပေါက်ကရလေးဆယ်တွေမပြောရဘူး
ဆဲရေးတိုင်းထွာတာမျိုး လုံးဝလုပ်လို့မဖြစ်ဘူးနော် "

" ဟုတ် "

" ဟုတ် "

တဟုတ်ဟုတ်နှင့် ပုတ်သင်ညိုလို ခေါင်းညိတ်နေကြသော ကလေးနှစ်ယောက်အား သူ့နောက်မှလိုက်စေပြီးနောက် ဘွန်မ်ဂယူက အရှေ့မှ အရင်ထွက်သွားသည်။

လယ်ကွင်းတွေကြားမှဖြတ်သွားရသော လမ်းတစ်လျှောက် သူတို့တစ်ယောက်နှင့်တစ်ယောက် ဘာစကားမျှမပြောဖြစ်ကြပေ။

သို့သော် ထယ်ဟွန်း၏လက်ကို ဟျူနင်းကအသေအချာကို ဆုပ်ကိုင်လို့ထား၏။

~🎂~

လပြည့်၏အလင်းရောင်က ထိန်ထိန်လင်းလို့နေ၏။ တောင်ပေါ်ဆုတောင်းပွဲကို သွားနေကြသော ဒေသခံများကြား ထယ်ဟွန်းနှင့်ဟျူနင်းတို့လဲ မီးပုံးလေးတွေ ကိုယ်စီကိုင်ပြီး
ရောက်လာကြ၏။

ဆုတောင်းပွဲလုပ်သောနေရာကိုရောက်တော့  ကလေးကစားစရာလုပ်ရောင်းသော အသည်တစ်ချို့နှင့် လမ်းသွားရင်းစားနိုင်သော ရိုးရာမုန့်မျိုးစုံကိုရောင်းချနေသည်ကို တွေ့ရသည်။

ဒါ့အပြင် ကိုးရီးယားရိုးရာတူရိယာများကိုတီးမှုတ်ပြသနေသော ပြဇာတ်အော်ပရာတစ်ချိူ့ကိုပါတွေ့ရ၏။

ဟျူနင်းအတွက်တော့ ထိုအရာအားလုံးက အသစ်အဆန်းတွေချည်းဖြစ်လို့နေခဲ့သည်။

Perfect Match ||Tyunning ✔Where stories live. Discover now