{ 5 }

745 110 55
                                    

ဇာတ်သိမ်းပိုင်း။ Perfect Match

ဟျူနင်း၏အိမ်တွင် ​ခေါင်မိုးထပ်တစ်ထပ်ပါတာကြောင့် ကျောင်းပိတ်ရက်ရောက်သည့်အခါတိုင်း ထိုနေရာတွင် အနားယူလေ့ရှိ၏။

ဒီနေ့လဲ ရာသီဥတုကကောင်းတာမလို့တစ်ရေးလောက်အိပ်မှပဲ...

" ရား "

မျက်လုံးကိုအသာမှိတ်ပြီး အိပ်ပျော်အောင်ကြိုးစားနေချိန်တွင်
ထယ်ဟွန်း၏အသံအားကြားလိုက်ရသဖြင့် မျက်လုံးတွေပြန်ပွင့်လာပြီး

" ဘာလဲ " ဟုဖြေလိုက်၏။

" မင်းတစ်နေ့လုံး ခေါင်မိုးပေါ်မှာပဲ အိပ်နေတော့မှာလား "

အလိုမကျစွာမေးလာသည့် မေးခွန်းမှန်းသိသော်လည်း ဟျူနင်း မသိချင်ယောင်ဆောင်လိုက်သည်။

" ရာသီဥတုသာယာတယ်လေ "

" တော်စမ်းပါ သွားမယ် ထလို့ "

ပြောရင်းဆိုရင်း သူ့ကိုလက်မောင်းရင်းကနေဆွဲထူကာ အတင်းထခိုင်းနေသော ထယ်ဟွန်းကြောင့် ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည် ။

ဒီကောင်လေး ရွာပြန်ချင်နေတာ သူသိသားပဲ ။

" ဘယ်ကိုသွားမှာလဲ "

" မနေ့ညက ageyoလုပ်ပြခဲ့တယ်နော် မသိချင်ယောင်ဆောင်မနေနဲ့ "

" သြော် ဟုတ်ကဲ့  ထယ်ဟွန်းရှီ! ကျွန်တော်မျိုးကို ဘယ်ရွာကိုခေါ်သွားချင်တာပါလဲ "

" ရောက်ရင်သိလိမ့်မယ် ထတော့~~~ "

" သိပါပြီ ထပါမယ် "

အကောင်ပိစိလေးက သူ့အားဖြင့် မရမကဆွဲနေတော့ ဟျူနင်းလဲ ထပ်မနောက်တော့ပဲ ထပေးလိုက်သည်။

~~~

" ဝါး ပင်လယ်ပဲ "

Daebudoကိုရောက်သည်နှင့် ပင်လယ်ကိုမြင်ပြီး ကားပေါ်မှပြေးဆင်းသွားသော ဟျူနင်းကြောင့် ထယ်ဟွန်းက သူ့နောက်ကနေပြေးလိုက်ရပြန်သည် ။

သူ့ကိုယ်သူ သတိမထားတတ်တာတော့ မဟုတ်သော်လည်း တစ်ခါတစ်လေ ရှပ်ပြာရှပ်ပြာလုပ်တတ်တာကြောင့် ထယ်ဟွန်းက သူ့ကို အနားမှာအမြဲနေပြီး ဂရုစိုက်ပေးချင်တာတော့ အမှန်။

Perfect Match ||Tyunning ✔Where stories live. Discover now