{ 3 }

584 113 15
                                    

အပိုင်း ၃။သူငယ်ချင်းလဲမဟုတ်တဲ့နီးကပ်တဲ့ဆက်ဆံရေး

ဂန်ထယ်ဟွန်း ​ကျောင်းကိုရောက်လာပြီး တစ်ပတ်အကြာ~

" ဟျူနင်းအာ ဂွတ်မောနင်း "

ကျောင်းတံခါးအဝင်အဝနားတွင် အနောက်ကနေခုန်ပြီးပခုံးကိုလှမ်းဖက်လိုက်သော ထယ်ဟွန်းကြောင့် အရပ်ပိုရှည်သော ဟျူနင်းက ဒူးကိုကွေးပြီး ​ဘေးကနေလိုက်ရတော့သည်။

" ဟေ့ လွှတ်နော် "

" ဟျူနင်းအာ ခေါင်းကနာနေသေးလား "

" လွှတ်လိုက်တော့နော် "

ဟျူနင်း၏ပြောစကားကို ထယ်ဟွန်းက ဂရုမစိုက်ဘဲ ခေါင်းရှိဆံပင်ကိုတောင်ဆွဲဖွလိုက်သေး၏။

" ပင်ဂွင်းလေး "

" သေချင်လို့လား မင်း "

ဘာမှပြန်မပြောပဲ ရယ်ပဲရယ်နေသည့် ဂန်ထယ်ဟွန်းဟူသော
ကျောင်းသားသစ်ကြောင့် ဟျူနင်းစိတ်ညစ်နေပြီ။

သူငယ်ချင်းမလုပ်ချင်ပါဘူးလို့ ​ပြောထားတဲ့ဟာကိုတောင်မှ!

အခုလဲ သူဘယ်သွားသွား အနောက်ကလိုက်ပြီး စကားလိုက်ပြောနေပြန်သည်။ တကယ်ပါ ထယ်ဟွန်းကိုဆို တစ်ခန်းလုံးက မိန်းကလေးတွေရော၊ယောက်ျားလေးတွေရော ခင်ချင်ကြတဲ့သူတွေအများကြီးရှိတဲ့ဟာကို ဘာလို့ သူ့ကိုမှ ဒီလိုလာလုပ်နေရတာလဲ ။

" ဟျူနင်းအာ ငါတို့အတူတူပြန်ရအောင် "

" ဟျူနင်းအာ "

" ဟျူနင်းအာ "

" ဟျူနင်းအာ "

" အား တော်ပါတော့ "

ဟျူနင်းက သူစိတ်ရှုပ်လာလျှင် လုပ်တတ်သောအမူအရာဖြစ်သည့် နားအထက်ရှိ သူ့ဆံပင်တွေကိုဆွဲဖွပြီး ထမင်းစားဆောင်ကနေ ထွက်သွားတော့သည်။

ကျန်နေခဲ့သည့် ထယ်ဟွန်းကလဲ ဟျူနင်း သူ့ကိုစိတ်ဆိုးသွားမှန်းသိတာကြောင့်အနောက်ကနေ လိုက်သွားသည်။

စိတ်တိုတိုနှင့် ခေါင်မိုးထပ်ကိုထွက်လာလိုက်မိသည်မှာ ဂန်ထယ်ဟွန်းထက်ပိုဆိုးသည့် အတန်းကြီးတွေနှင့်တန်းတိုးတော့သည်။

Perfect Match ||Tyunning ✔Where stories live. Discover now