မောင့်ကိုသာလျှင်💛3

5.5K 437 2
                                    

မောင့်ကိုသာလျှင်
Episode💛(3)

ကော်ဖီဆိုင်တစ်ဆိုင်မှာ လုပ်ငန်းရှင်တစ်ယောက်နဲ့ချိန်းထားတာမို့
ရှောင်းကျန့်တစ်ယောက်စောင့်နေမိတယ် ချိန်းထားတာထက် ၁၅မိနစ်စောရောက်တတ်တာသူ့အကျင့်....

"ကော "
ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ ထီးဝါလေး

"ရိပေါ် ကော်ဖီလာသောက်တာလား"

"မဟုတ်ဘူး ကော ကောကိုတွေ့လို့ဝင်လာတာ ပီးတော့ ပြောစရာလည်းရှိလို့"

"ဟုတ်ပါပီကွာ ပြောစရာက...."

"ကော ကျတော် နောက်လထဲမှာ ပညာတော်သင်သွားမလို့"

"ကောင်းတာပေါ့ကွ မင်းတို့အသက်အရွယ်က ပညာကိုဘဲတစိုက်မတ်မတ်လိုက်လုပ်ဖို့ အရွယ်ကောင်းဘဲလေ "

"ဟုတ် အဲ့တာလေ..... "
ရှောင်းကျန့်က ဆက်ပြော ဆိုတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေမိတော့
ရင်ဘတ်ထဲကအကောင်လေးက ငြိမ်ငြိမ်မနေနိုင်ပြန်ဘူး
ကောနဲ့တွေ့တိုင်းဗြောင်းဆန်နေတဲ့ အကောင်လေးရေ ငြိမ်ငြိမ်နေစမ်း

"အာ ဘားမဟုတ်တော့ဘူး ကျတော် သွားမဲ့အကြောင်းလေး ပြောပြချင်တာ "

"ဟုတ်ပါပီဗျာ သွားခံနီးရင်ပြောအုံး ကော က မှာစရာရှိတာမှာရအောင်လို့ "
ကော ကတော့ ညီလေးတစ်ယောက်လို သဘောထားချင်ထားပီး ပြောလိုက်ပေမဲ့ ညီလေးအတွေးမတွေးတဲ့ ကျတော်ကတော့ အပျော်တွေလွန်နေပီ

"ဟုတ် ဒါဆို ကျတော်သွားပီ "
.....................................

scolar ဖြေဖို့စာကြည့်ရတာတစ်မျိုး
သွားဖို့လာဖို့စီစဉ်ရတာတစ်မျိုး
ဝင်ခွင့်အတွက်စာကြည့်ရတာတစ်မျိုးနဲ့
အချိန်နှစ်ပတ်ကဘယ်လိုကုန်လို့မကုန်မှန်းသိအောင် ကုန်သွားပြီ
ကော ကိုတော့ လွမ်းဆဲ သတိရဆဲ အင်း ပြီးတော့....
အိပ်ရာဝင်တိုင်း သတိရတိုင်း ph screen ပေါ်က မိုးရွာထဲ ကထီးဝါလေးဆောင်းထားတဲ့ ကောင်လေးရဲ့ကျောပြင်ငယ်ကို ကြည့်ဖို့ မမေ့ခဲ့ပါဘူး...

.......

"ဝေ ကော "

Contact name ကြည့်စရာမလိုအောင် အသံလေးကိုမှတ်မိနေတာမို့

မောင့်ကိုသာလျှင်Where stories live. Discover now