မောင့်ကိုသာလျှင်💛11

4.3K 331 0
                                    

မောင့်ကိုသာလျှင်
Episode 💛(11)

လူတွေရဲ့တနေ့တာ လှုပ်ရှားမှု
တနေ့တာလုပ်ငန်းတွေက တကယ်တော့
စက်ရုပ်တစ်ရုပ်လိုပါဘဲ.....

အင်း....
စက်ရုပ်လိုခံစားတတ်တဲ့နှလုံးသားမရှိတာကလွဲလို့ပေါ့...

"ကော "
ဒီနေ့ ရုံးပိတ်ရက်မို့ မောင် တယောက် အိမ်ရောက်နေပါတယ်
ရုံးမပိတ်လည်းလာတာပါဘဲလေ..

သူ့အလုပ်တွေတစ်ပုံတစ်ပင်နဲ့  ပြောပါတယ်
မောင်က သိပ်ကြိုးစားတာပါလို့

"မောင်တို့အခုအခြေအနေကလေ တိတ်တိတ်ပုန်းများဖြစ်နေမလား"

"ဘယ်လို"

"ဒီလိုလေ ကောရဲ့ မောင်နဲ့ကောရဲ့ ပတ်သက်မှုကို မသိကြဘူးလေ တော်တော်များများက အဲ့တော့ မောင်က ကောကို...အာ ဘယ်လိုပြောရမလဲ"

"မောင် အခုချိန်မှာဒါတွေမလိုသေးပါဘူး ဘယ်သူမှမသိတော့ကော ဘာဖြစ်သလဲ မောင်ရဲ့ ဟင်"

"ဖြစ်တယ် ဖြစ်တယ် ကောရဲ့ ကောကမောင့်အပိုင်ဆိုတာ အားလုံးကိုသိထားစေချင်တာ မောင်က "

"ဟုတ်ပါပီဗျာ သခင်လေးသာ ဘွဲ့ရအောင်အရင်လုပ်ပါအုံး အလုပ်နဲ့အကိုင်နဲ့..."

"ကော ကော ပြောချင်တာက ကျတော်ကအလုပ်မရှိအကိုင်မရှိမို့ ကောက ကျတော်တို့ပတ်သက်မှုကိုချမပြချင်တာလား"
ရုတ်တရက် အသံတွေပါ မာလာတဲ့ မောင်ရယ်ပါ.

"ကော ပြောတာ အဲ့လိုမဟုတ်ပါဘူး ကောက..."

"ကော ကလေ ကျတော့်ကိုဆိုဘယ်တောမှ လူကြီးအရာမသွင်းဘူး အမြဲကလေးတယောက်လိုဆက်ဆံတယ် ပြောတယ် ကျတော် ကလေးမဟုတ်တော့ဘူး ကော ကျတော်လည်းလုပ်ငန်းခွင်ဝင်တော့မဲ့သူတစ်ယောက်ပါ အဟက် CEO ကြီးတော့မဟုတ်ဘူးပေါ့ .."
ခနဲ့ပြုံးနဲ့ပြောလာတဲ့မောင့်ကို
တကယ်စိတ်မကောင်းဖြစ်မိတယ်...

"မောင် ကော ကိုစော်ကားလိုက်တာဘဲ မောင် ကော သာအဲ့လိုတွေးခဲ့ရင် အခုလိုအခြေနေထိရောက်မလာဘူး အဲ့ဒါမင်းသိထား"

"အဟင်း ကျတော်ကထင်နေခဲ့တာ ကျတော့်ကို ကျတော့်ကို...."
ကျချင်တဲ့မျက်ရည်ကို ထိန်းထားရလို့ မောင့်မျက်လုံးထဲက
သွေးကြောတွေကရဲလို့..

မောင့်ကိုသာလျှင်Where stories live. Discover now