မောင့်ကိုသာလျှင်💛19

4.3K 328 8
                                    

မောင့်ကိုသာလျှင်
Episode💛(19)

ဌာနမှူးဝမ် တစ်ယောက်သူခေါ်တာကိုတောင်မကြားနိုင်အောင် စာတွေသည်းကြီးမဲကြီး ဖတ်နေလို့ အနောက်ကနေဝင်ကြည့်လိုက်တော့
ဘာတဲ့ ကိုယ်ဝန်​ဆောင်မိခင်များ ဆောင်ရန်ရှောင်ရန်အချက်များ တဲ့
What?????

"အဟမ်း"

ရိပေါ်ကခေါင်းမော့ကြည့်လာတယ်

"ဌာနမှူးဝမ် နည်းနည်းမေးစရာလေးရှိလို့ ငါ့ကိုမှတ်မိလား"

ဟာ အဆုံးမရှိအစမရှိနဲ့ ဘာလားဟ

"မင်းကိုမြင်ဖူးသလိုလိုတော့ရှိတယ်"

အေး တယောက်ကတိုတို တယောက်ကပြတ်ပြတ်

"ဝမ်ရိပေါ်ရယ် မြင်ဖူးသလိုလိုမဟုတ်ဘူး မြင်ကိုမြင်ဘူးတာ"

"............"

"ဝမ်ရိပေါ် us မှာမင်းနဲ့ငါကတစ်ခန်းထဲလေ ငါစကပ်သံခေါင်းနဲ့ညှိပီးပြဲတုန်းက တစ်ခန်းလုံးကဝိုင်းဟားကြပေမဲ့ မင်းကမင်းအကျီကိုငါ့ကိုပေးခဲ့တာ မှတ်မိလား "

"Awwwww အဲ့တာလား အဲ့ဒီမိန်းကလေးနေရာမှာ မင်းမှမဟုတ်ဘူး တခြားတစ်ယောက်ဆိုရင်လည်းငါကူညီမိမှာမို့ ကျေးဇူးပါ လို့ပြောစရာမလိုဘူး ok"

ပြောပြီးတာနဲ့ laptop ဆီအကြည့်ပြန်ရောက်သွားတဲ့
ဝမ်အချေကောင် ကို ဟွဲ့ရား တော်တော်လေး ချဉ်နေပါပီနော်

"နေပါအုံး မင်းကမဆိုင်တဲ့စာတွေဘာလို့ဖတ်နေတာတုန်း "

"မင်းသူများအကြောင်းတော်တော်သိချင်တာလား"

"အောင်မလေးရှင် သိချင်တယ် သိချင်တယ် ရပီလား ငါ့ကိုတစ်ရက်လောက် မင်းအိမ်အလည်ခေါ်ပါလား မင်းအမျိုးသားလေး ကိုလည်းတွေ့ဖူးချင်လို့ ဟိ"

"မခေါ်ဘူး ကော နဲ့ငာ့အကြောင်းကိုတောင်သိနေတာဆိုတော့ အခုငါဖတ်နေတဲ့အကြောင်းကိုလည်းမင်းသိနေပါတယ်"

"သိသားဘဲ မေးချင်လို့ကိုမေးတာ ရှင်းလား "

ပြောချင်ရာပြောပီး သူ့အခန်းထဲကထွက်သွားတဲ့မိန်းကလေးကို သူတွေးလိုက်မိတယ်
ဘာတဲ့ အချေ ဟုတ်လား
ငပေါမ ကိုများ...

မောင့်ကိုသာလျှင်Where stories live. Discover now