မောင့်ကိုသာလျှင်💛6

5K 388 0
                                    

မောင့်ကိုသာလျှင်
Episode💛(6)

ရင်တွေခုန်လိုက်တာ
ကိုယ်ထက်အများကြီးငယ်တဲ့သူနဲ့အခုလိုဖြစ်ရလိမ့်မယ်လို့ထင်မထားခဲ့မိဘူး အမြဲလည်း စိုးရိမ်စိတ်ဝင်မိတယ် ကလေးကစိတ်ကစားတတ်တဲ့အရွယ် ကိုယ်ကအရာရာကိုကိုယ်ပိုင်အသိနဲ့ဆုံးဖြတ်နိုင်တဲ့အရွယ် တစ်ခုခုအကြောင်းတစ်ဆုံတစ်ရာများသာဖြစ်လာခဲ့ရင် ကလေး အမှားမဟုတ်ပါဘူးလေ.....

☄ချစ်မိပီဆိုရင် သူဘာမှားမလဲမသိပေမဲ့
ကြိုတင်ခွင့်လွှတ်နေတာမျိုး☄

ဒီနေ့ စနေနေ့ ရုံးလည်းမသွားရတော့ အိပ်ရေးဝဝအိပ်မယ်တွေးထားတာ အစီစဉ် ကတော့

တီ တီ တီ
ဟာ မနက်စောစောစီးစီးကွာ ဘယ်သူပါလိမ့်
အိမ်မှုံစုံဝါးနဲ့ ထဖွင့်တော့ မျက်နှာကြီးကတည်နေတဲ့ အသစ်စက်စက်ချစ်ရသူလေး

"ကော အခုမှအိပ်ရာထဲကထလာတာမို့လား"
ပြောပြောဆိုဆိုနဲ့အိမ်ထဲဝင်သွားတာများသူ့အိမ်သူ့ယာကျလို့

"ရိပေါ် အစောကြီး ဘာလာလုပ်တာလဲ"

"ကော ဒါ ကိုယ့်ချစ်သူကိုပြောရမဲ့စကားလား"

"အာ အဲ့လိုသဘောမျိုးမဟုတ်ရပါဘူးကွာ "

"နောက်အပတ်ထဲမှာ ကျတော်ကကျောင်းပြန်သွားရတော့မှာလေ အသွားခင်ကောနားကပ်နေမလို့"
အပြောနဲ့အလုပ်နဲ့လည်းညီအောင်လုပ်တဲ့ ဝမ်ရိပေါ်ပါ
မတ်တပ်ရပ်နေတဲ့သူ့ကိုခါးကနေဆွဲဖက်ပြီး သူ့ဗိုက်နဲ့မျက်နှာကိုအပ်ထားတယ်

"အင်းပါ ကော ရေသွားချိုးလိုက်အုံးမယ် နော် "

"ဟုတ် မြန်မြန်ချိုးခဲ့ "
ပြောပြီးရေချိုးခန်းထဲ ရေဖွင့်လိုက်တော့မှ ကြားလိုက်ရတာက

"မောင် ဗိုက်ဆာနေပီ " တဲ့
ငါနားကြားမှားတာပါလေ.....

ရေချိုးပြီးထွက်လာတော့ ကောင်လေးက သူ့ခုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်လို့
ရောက်ကတည်းကမျက်နှာကသိပ်မလန်း
မျက်ကွင်းတွေကချိုင့်လို့ ဒီကောင်လေး ညမအိပ်ဘူးလားမသိကွာ

သူ့ကိုမနှိုးတော့ဘဲ မနက်စာအတွက်ချက်ပြုတ်ပီးသွားနှိုးတော့...

မောင့်ကိုသာလျှင်Where stories live. Discover now