"ရိပေါ်....သားအိမ်ရှေ့ကိုခဏထွက်ခဲ့ပါအုံး
ဒီမှာ ချင်ယွဲ့ ရောက်နေတယ်"ရိပေါ်ရဲ့အဒေါ်ဝမ်လီကရိပေါ်ကိုလှမ်းခေါ်လိုင်သည်။ရိပေါ်လဲအိပ်ခန်းထဲမှသူ့ကိုခေါ်သံကြားလို့ထွက်လာခဲ့သည်။
"သား....လာ....ဒီမှာလာထိုင်"
"ရိပေါ်လေး....ကြည့်ပါအုံးတစ်နေ့တစ်ခြားချစ်စရာကောင်းလာလိုက်တာ....ဒီမှာ မမရိပေါ်လေးအတွက်လက်ဆောင်တွေဝယ်လာတယ်...ရိပေါ်လေးကြိုက်ရဲ့လားကြည့်ပါအုံး"
"ဒီမှာ...ကျွန်တော့်ဆီကိုဒါတွေယူမလာပါနဲ့...ကျွန်တော်ခင်ဗျားဆီကဘာမှမလိုချင်ဘူး...နောက်ကိုအိမ်ကိုလဲမလာခဲ့ပါနဲ့"
"သား...ရိပေါ် ချင်ယွဲ့ ကိုအဲ့လိုမပြောရဘူးလေသားရယ်...ချင်ယွဲ့ကအန်တီတို့အိမ်ကိုကူညီပေးထားတာတွေအများကြီးပဲ"
"သူလာတာကျွန်တော်မှမကြိုက်တာ"
ရိပေါ်ပြောပြီးအိပ်ခန်းထဲသို့ဝင်သွားသည်။
"သမီးရယ်...အားနာလိုက်တာ"
"ရပါတယ်အန်တီရယ်...နောက်ဆိုမိသားစုတွေဖြစ်လာကြတော့မှာပဲ"
"အေးပါကွယ်...အန်တီသားလေးရိပေါ်ကိုနားချပါ့မယ်။သူ့မမလဲသူ့ကိုနားချမှာပါ။သမီးလေးဘာမှစိတ်မပူနဲ့နော်"
"ဟုတ်အန်တီ...အာ့ဆိုသမီးသွားလိုက်ပါအုံးမယ်။သမီးကိုခွင့်ပြုပါအုံးနော်"
"အေးအေးသမီး"
ရိပေါ်အဒေါ်ဝမ်လီလဲဘာလုပ်ရမှန်းမသိတော့။သူလဲသူ့တူလေးကိုချင်ယွဲ့နဲ့သဘောမတူချင်ပေ။သို့သော်ချင်ယွဲ့ကရိပေါ်အဖေနဲ့အမေမရှိစဉ်အခါထဲကသူတို့မိသားစုစီးပွားရေးအဆင်မပြေထဲကကူညီခဲ့သည်။
ချင်ယွဲ့ကရိပေါ်ထက်အသက်၁၅နှစ်ကျော်လောက်ကြီးသည်။ရိပေါ်ကိုလက်ထပ်ချင်သည်ဟုဝမ်လီဆီမှာတောင်းဆိပေါ်ကိုလက်ထပ်ချင်သည်ဟုဝမ်လီဆီမှာတောင်းဆိုထားသည်။
ဝမ်လီကရိပေါ်အမေရဲ့ညီမ။ဝမ်လီမှာသမီးတစ်ယောက်ရှိတယ်။သူနာမည်ကဝမ်ချင်။ဝမ်လီအမျိုးသားကဝမ်ချင်ငယ်ငယ်ထဲကဆုံးသွားသည်။သူ့ယောက်ျားဆုံးပြီးထဲကသူ့မမအိမ်မှာသွနေခဲ့သည်။သူ့မမရိပေါ်အမေကသူတို့ကိုလိုလေသေးမရှိအောင်ထားသည်။သူ့မှာမမရဲ့ေကျးဇူးေတွအများကြီးရှိသည်။ရိပေါ်အဖေနဲ့အမေဆုံးတော့ရိပေါ်လေးကိုသူကပဲစောင့်ရှောက်ထားသည်။အဲ့ထဲကစီးပွားရေးကအဆင်မပြေတော့။ချင်ယွဲ့ကသာကူညီထားလို့သူတို့တွေဒီလိုနေနိုင်တာဖြစ်သည်။
သူမဘယ်လိုလုပ်ရမလဲမသိတော့။