ရိပေါ်လဲစိတ်ညစ်ညစ်နဲ့ bus ကားဂိတ်ကိုလျှောက်လာခဲ့သည်။
"သား ရိပေါ် မလား"
"ဒေါက်တာ "
"သား ဘယ်လာတာလဲ "
"အလုပ်လာလျှောက်တာပါဒေါက်တာ"
"ဟုတ်လား ဝမ်ဝမ်လေးကော နေကောင်းလားသား"
"ဟုတ် ကောင်းပါတယ်ဒေါက်တာ"
"သားကြည့်ရတာမလန်းသလိုပဲ နေမကောင်းဘူးလားရိပေါ်"
"ကောင်းပါတယ်ဒေါက်တာ"
"အေးပါကွယ် ကျန်းမာရေးလဲဂရုစိုက်အုံးနော်သား အလုပ်တွေကြည့်ပဲဖိလုပ်မနေနဲ့အုံး"
"ဟုတ်ကဲ့ပါဒေါက်တာ"
"ဝမ်ဝမ်လေးနဲ့တောင်မတွေ့တာကြာပြီ သားနဲ့ဝမ်ဝမ် ဒေါက်တာအိမ်လာအုံးလေ"
"ဟုတ်ကဲ့ဒေါက်တာ သားသားကျောင်းပိတ်ရက်ရောက်ရင်လာခဲ့ပါ့မယ်"
"အေးအေး အဲ့တာဆိုဒေါက်တာသွားတော့မယ်နော်"
"ဟုတ်ကဲ့ဒေါက်တာ"
ဒေါက်တာဆိုတာကဝမ်ဝမ်လေးကိုမွေးပေးတဲ့ဒေါက်တာ။ဒေါက်တာနာမည်ကယွီလန်။ဒေါက်တာကရိပေါ်နဲ့သားသားကိုအရမ်းချစ်တာ။ရိပေါ်ကယောက်ျားေလးတစ်ေယာက်ကိုယ်ဝန်ဆောင်ရတာဆိုတော့တော်တော်ဒုက္ခရောက်ရတယ်။ရိပေါ်ကိုယ်ဝန်ရှိမှန်းသိတော့ရှန်ဟိုင်းမှာမနေတော့ပဲကျိရန်နဲ့အတူတူနေတော့ပဲကျိရန်နဲ့အတူတူပေကျင်းကိုရောက်လာခဲ့တယ်။
ကိုယ်ဝန် ၆ လလောက်ရောက်တော့ OG အပ်ရတော့ ဒေါက်တာ ယွီလန်ဆီကိုသွားအပ်တာ။အဲ့မှာဒေါက်တာဆိုအရမ်းအံ့ဩနေတာလေ။ယောက်ျားလေးတစ်ယောက်ကသဘာဝအတိုင်းကိုယ်ဝန်ဆောင်နိုင်လို့တဲ့လေ။ဗိုက်လုံးလုံးလေးနဲ့ရိပေါ်ကိုမြင်ပြီးအရမ်းကိုချစ်သွားတာ။ဝမ်ဝမ်လေးမွေးတော့လဲအစစအရာရာဒေါက်တာကပဲလိုလေသေးမရှိဂရုစိုက်ပေးတာ။သားသားကြီးတဲ့အထိကိုဒေါက်တာကအိမ်ကိုလာသေးတယ်။အခုတောင်ဒေါက်တာနဲ့မတွေ့တာတော်တော်လေးကြာပြီပဲ။သားသားကျောင်းပိတ်တဲ့နေ့ဒေါက်တာကိုသွားတွေ့ရအုံးမယ်။
"🎶🎶"
ကားဂိတ်မှာကားစောင့်နေရင်းဖုန်းဝင်လာသည်။ကြညါ့လိုက်တော့ကျိရန်ဆီက