5နှစ်ခန့်ကြာသော်
"သားသားရေ ထတော့လေ ၇နာရီထိုးနေပြီ"
"ဟွန်း ပါးပါး ၅မိနစ်လောက်နော် သားသားအိပ်ချင်သေးတယ်"
"မရဘူးကွာ ထပါတော့သားသားရယ် ဒီနေ့ကျောင်းသွားရမယ်လေ နေကောင်ပျောက်သွားပြီဆိုတော့"
"သားသားအိပ်ရေးမဝသေးဘူးပါးပါး ၅မိနစ်လေးပဲ"
လက်လေး၅ချောင်းထောင်ပြပြီးပြန်အိပ်နေသောသားသားကိုကြည့်ပြီးရိပေါ်ပြုံးမိသည်။
သူလေးကဘယ်သူလေးလဲဆိုတော့ကျွန်တော့်ရဲ့သားလေးပါ။ကျွန်တော်ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကျွန်တော့်ရဲ့တစ်ဦးတည်းသောသားလေးဝမ်ဝမ်။သားသားကလွန်ခဲ့တဲ့၅နှစ်လောက်ကကျွန်တော်နဲ့အမှတ်မထင်တွေ့ပြီးကျွန်တော့်ရဲ့ဘဝကြီးကိုဗြောင်းဆန်အောင်လုပ်သွားတဲ့နာမည်တောင်မသိလိုက်ရတဲ့သူနဲ့ကျွန်တော်ရဲ့သားလေး။
"သားသားရေ ထတော့ကွာ သားသားအခုမထသေးဘူးဆိုရင်ကျောင်းးနောက်ကျလိမ့်မယ်လေ သားသားကျောင်းနောက်ကျရင်ပါးပါးလဲအလုပ်နောက်ကျမှာပေါ့"
အဲ့လိုပြောမှပဲသားသားကကုန်းရုံးထတော့သည်။
"သားသားထပြီနော်ပါးပါး ပါးပါးအလုပ်နောက်မကျအောင်သားသားမြန်မြန်ပြင်ဆင်လိုက်မယ်နော်"
ပြောပြီးရေချိုးခန်းထဲဝင်သွားလေသည်။ရိကေါ်လဲအနောက်ကလိုက်သွားရသည်။သားသားကိုတစ်ခါထဲရေချိုးပေးပြီးကျောင်းဝတ်စုံပါလဲပေးလိုက်သည်။သားသားကခုဆိုမူကြိုတက်နေသည်လေ။သူနဲ့ကျိရန်နဲ့သားသားမွေးခါနီးတော့ရှန်ဟိုင်းမှာမနေတော့ပဲပေကျင်းကိုပြောင်းလာလေသည်။
"ဟော ဟိုသားဖနှစ်ယောက်ပြီးပြီလား ဒီမှာ breakfast ပြင်ထားတယ် လာစားရအောင်"
သားသားနဲ့ရိပေါ်နဲ့ကစားပွဲတစ်ဖက် ကျိရန်ကစားပွဲတစ်ဖက်ထိုင်လိုက်သည်။
သားသားကိုနွားနို့နဲ့ပေါင်မုန့်ကျွေးရင်းရိပေါ်လဲစားနေသည်။"ရိပေါ်ရေ ငါဒီနေ့အစောသွားမှဖြစ်မယ် ငါ company မှာလက်စသတ်စရာလေးတွေရှိသေးလို့"