ရှောင်းကျန့်လဲရိပေါ်ကအိပ်နေတော့သူ့မှာစကားပြောစရာလူမရှိတော့ပျင်းနေသည်။
TVကြည့်တော့လဲဘာကားတွေလာမှန်းမသိ။
သူဘာလုပ်လို့လုပ်ရမလဲမသိဖြစ်နေသည်။
အဲ့တာနဲ့ပဲရိပေါ်အခန်းကိုသွားကြည့်တော့ရိပေါ်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။'အိပ်နေတာလေးကအစချစ်စရာလေးပဲ...ကြည့်ပါအုံးပါးလေးတွေကိုဖောင်းနေတာပဲ...ကိုက်ချင်စရာလေး'
တွေးနေရင်းနဲ့သူ့လက်တွေကရိပေါ်ပါးကိုကိုင်မိတော့မှာနဲနဲပဲလိုတော့သည်။နောက်မှသတိပြန်ရပြီး
'ဟာ...ငါဘာတွေတွေးမိနေလဲမသိဘူး...ရိပေါ်ကအိပ်နေတာဆိုတော့ကိုယ်ဘာသာပဲအပြင်သွားတော့မယ်'
ရိပေါ်အခန်းထဲကထွက်လာခဲ့သည်။
အိမ်ရှေ့ရောက်တော့အိမ်ဘေးမှာရပ်ထားသောစက်ဘီးကိုတွေ့လိုက်သည်။
သူလဲစက်ဘီးစီးချင်တာနဲ့စက်ဘီးစီးပြီးလမ်းထိပ်ထွက်လာခဲ့သည်။စက်ဘီးလေးနင်းပြီးဟိုကြည့်ဒီကြည့်နှင့်အရှေ့ကကားလာသည်ကိုမတွေ့။
ကားကဟွန်းတီးမှသတိထားမိတော့အရှိန်ကလွန်နေပြီလေ။
စက်ဘီးလေးကရှေ့ကကားနဲ့တိုက်မိပြီးလဲသွားပါလေရော။
ကြောင့်စက်ဘီးပေါ်ကလူသားလေးကတော့စက်ဘီးဘေးကျသွားပြီးသတိမေ့သွားသည်။
ကားပေါ်ကလူနှစ်ယောက်ကလဲပျာပျာသလဲဆင်းလာပြီးထိုလူကိုလှုပ်နှိုးလေသည်။
သတိမေ့နေသောထိုလူကိုကားပေါ်ခဏတင်ပြီးသူနိုးလာအောင်ယပ်ခပ်သူကခပ် ရှူဆေးနဲ့ရှူခိုင်းသူနဲ့ယောက်ယက်ခတ်နေသည်။သူတို့နှစ်ယောက်ကြောင့်အမှုပတ်မှာကြောက်နေကြသည်လေ။ခဏကြာတော့
"အား...ကျွတ်...ကျွတ်...ကျွတ်"
သတိမေ့နေသူကသတိရလာသည်လေ။သူ့ကိုပြုစုနေသူလူနှစ်ယောက်လဲဝမ်းသာအားရဖြစ်သွားသည်။သူတို့နှစ်ယောက်ကြောင့်ဒီလူဘာမှမဖြစ်လို့တော်ပါသေးတယတော်ပါသေးတယ်ဆိုတဲ့ဝမ်းသာရိပ်တွေမျက်နှာပေါ်ဖြတ်ပြေးနေသည်။
"ခင်ဗျားသတိရလာပြီလား...ခေါင်းကောမူးနေသေးလား...ဘယ်လိုနေသေးလဲ...ကျွန်တော်တို့ဘာလုပ်ပေးရမလဲ"