ရှောင်းကျန့်ကိုရိပေါ်တို့ကျိရန်နေသောအိမ်သိုသာခေါ်လာလိုက်သည်။ကျိရန်ကတစ်ယောက်ထဲအိမ်ငှားနေလို့သာတော်သေးတယ်။နို့မို့ဆိုသူကော၊ဟိုအတိတ်မေ့နေတဲ့သူကောကိုဘယ်မိသားစုဝင်တွေကလက်ခံချင်မလဲ။
"ရိပေါ်ရေ...ဒါကတော့ငါ့အိမ်ပဲ။ငါ့အလုပ်နဲ့လဲနီးလို့ငှားထားတာလေ"
"အေး...မင်းအိမ်ကမဆိုးပါဘူး။နဲနဲတော့ကျယ်သားပဲ။လူသုံးယောက်နေလို့တော့အဆင်ပြေပါတယ်"
"ဟေ့လူ...ခင်ဗျားကိုကျွန်တော်တို့ကမသိဘူးနော်။ခင်ဗျားလဲကိုယ့်အကြောင်းကိုစဉ်းစားအုံး"
"အစ်ကိုလဲတစ်ချိန်လုံးစဉ်းစားနေတာပါကွာ။စဉ်းစားလိုက်တိုင်းလဲခေါင်းကမူးမူးလာတာ"
"အဲ့တာဆိုလဲဖြေးဖြေးခြင်းစဉ်းစားပေါ့ဗျာ။"
"အေးပါကွာ"
"ရိပေါ်ရေ...ငါ့အိမ်မှာကအိပ်ခန်းနှစ်ခန်းပဲရှိတာ။မင်းရယ်ငါရယ်ကတစ်ခန်းယူပြီးအစ်ကိုကိုတစ်ခန်းပေးလိုက်မယ်လေ"
"အေး...အဲ့လိုပဲလုပ်ကြတာပေါ့"
"အစ်ကိုကဟိုဘက်အခန်းမှာအိပ်ရမှာနော်... ကျွန်တော်တို့နှစ်ယောက်ကမျက်နှာချင်းဆိုင်အခန်းမှာနေမှာ"
"အေးပါ"
"အဲ့တာဆိုအစ်ကိုလဲနားတော့လေ"
"အေးအေး"
ရှောင်းကျန့်လဲမိမိကိုပေးထားသောအခန်းထဲသိုဝင်သွားလိုက်သည်။
"ရိပေါ်ရေ...ငါကမနက်ဆိုအလုပ်သွားရတော့မှာ...မင်းကိုကောငါအလုပ်ရှာပေးရမလား"
"ဘာလဲငါကမင်းဆီကနေကပ်စားမှာကြောက်လို့အတင်းကိုအလုပ်လုပ်ခိုင်းနေတာလား"
"အဲ့လိုမဟုတ်ပါဘူးကွာ...မင်စလဲအလုပ်လေးရှိတော့ကောင်းတာပေါ့...ငါကမင်းတို့နှစ်ယောက်ကိုတော့တင်ကျွေးထားနိုင်ပါတယ်"
"ငါကစတာပါကွာ....ငါလဲအလုပ်လုပ်ချင်ပါတယ်...တော်ကြာငါကောမင်းနေပါတယ်ဆိုငါတို့ကသူ့ကိုတစ်ယောက်ထဲထားသွားပြီးအလုပ်သွားလုပ်မလို့လား"
"အေး...မင်းပြောတာလဲဟုတ်ပါတယ်ကွာ...ငါပဲအလုပ်လုပ်ပါတော့မယ်မင်းတို့နှစ်ယောက်ကအိမ်မှာပဲနေပေါ့"