Unicode (Zawgyi below)
ကျွန်တော်တို့ဇာတ်လမ်းဟာဒဏ္ဍာရီဆန်လွန်းခဲ့တယ် ကျွန်တော်သာသူ့လက်ထဲကလွတ်မြောက်ခဲ့ရင်ပေါ့ တစ်အိုးတစ်အိမ်ထောင်ပြုခဲ့ရင်ပေါ့ သားသမီးတွေနဲ့မြေးတွေရခဲ့ရင်ပေါ့ ဒီဇာတ်လမ်းကိုပြောပြမိမှာ
ဇာတ်လမ်းအစကိုတော့
ဒဏ္ဍာရီတစ်ပုဒ်ရှိခဲ့တယ် လို့စရလိမ့်မယ် မဟုတ်ရင်လည်း ဟိုးရှေးရှေးတုန်းက နဲ့စရမယ်
ကောင်လေးတစ်ယောက်ဟာ ကြောက်တတ်တဲ့လူတွေထဲကလူတစ်ယောက်မို့ မကောင်းဆိုးဝါး ၊ မိစ္ဆာဆိုတာကိုသိပ်ကြောက်သလို သိပ်မုန်းခဲ့တယ် အဲ့ကောင်လေးကပဲ သူကြောက်တယ်ဆိုတဲ့ မကောင်းဆိုးဝါး ၊ မိစ္ဆာနဲ့တည့်တည့်တိုးတယ်
အဲ့မကောင်းဆိုးဝါး ၊ မိစ္ဆာကလည်းအဲ့ကောင်လေးကို သူ့ရဲ့ခမ်းနားလှပါချည်ရဲ့ဆိုတဲ့ ရှေးစံအိမ်ကြီးမှာဖွက်ထားတယ် အဲ့ကောင်လေးထွက်ပြေးရင်တောင် သူ့ရဲ့ရှေးစံအိမ်ကြီးဆီပြန်ရောက်အောင် လမ်းတွေပြန်လှည့်ခဲ့တယ် အဲ့ကောင်လေးမညည်းညူရအောင်အကုန်ပြည့်စုံအောင်ထားတယ်
မကောင်းဆိုးဝါး ၊ မိစ္ဆာက အဲ့လူသားတစ်ယောက်အတွက်ဆိုရင် ကြင်နာမှုတွေက လျှံထွက်လွန်းလို့ယိုဖိတ်ရတဲ့အထိပဲ
ဘာလို့လဲဆိုတော့ အဲ့ကောင်လေး သူ့ဆီကထွက်သွားမှာကြောက်လို့ပါတဲ့ ......အဲ့ကောင်လေးအကြောက်ဆုံးကလည်း အဲ့မကောင်းဆိုးဝါး၊ မိစ္ဆာလက်ထဲကမလွတ်မှာကိုပဲ
အခုလည်း အဲ့ကောင်လေးဖြစ်တဲ့ ကျွန်တော်ဟာ သူ့လက်ထဲကလွတ်မြောက်ပြီး ဒါဟာပုံပြင်ရယ်လို့ပြန်မပြောနိုင်တော့မှာကိုစိတ်ပူနေရတယ်
ဒါဟာ ဒဏ္ဍာရီပုံပြင်ပါပဲ လို့ သူ့ဆီကလွတ်မြောက်ပြီးတခြားသူတွေကိုပြောပြချင်ပါတယ်ဇာတ်သိမ်းကိုတော့ဒီလိုဖြစ်စေချင်ပါတယ်
နောက်ဆုံးတော့ အဲ့ကောင်လေးဟာ အဲ့မကောင်းဆိုးဝါး၊ မိစ္ဆာလက်ထဲကနေလွတ်လာခဲ့တယ် ဆိုတာပါပဲ"Jaemin na~~"
"ခွမ်း!!!!"
ကျွန်တော့်လက်ထဲကရေဖန်ခွက်ကလွတ်ကျသွားတယ် ကျွန်တော့်ကိုခေါ်တဲ့ဘက်ကိုမကြည့်ရင်တောင် သူ ခေါ်တယ်ဆိုတာကိုသိသိကြီးနဲ့ မျက်မှောင်ကုတ်ပြီးကြည့်ဖြစ်အောင်ကြည့်လိုက်ပါသေးတယ်
YOU ARE READING
Painting In Monochrome
FanfictionThis fic is written in both Unicode and Zawgyi Unicode "လူတွေက နတ်ဘုရားတွေဟာကြင်နာတတ်တဲ့နှလုံးသားနဲ့နွေးထွေးပြီးသာယာလွန်းတဲ့စိတ်ထားနဲ့တောင်ပံတွေရှိကြတယ်လို့ယုံကြည်ကြတယ် မကောင်းဆိုးဝါးနဲ့ဒုက္ခတွေကြားကနေသူတို့ကိုကယ်တင်ဖို့ ဆုတောင်းကိုးကွယ်ကြတယ် မကောင်...