[Unicode]
အခန်းထောင့်ရှိ အလှပန်းအိုးကိုယူကာ ခေါင်းကိုရိုက်ခွဲလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် အိပ်ယာပေါ်တွင်လှဲအိပ်နေရာမှ ချက်ချင်းပင် ငေါက်ခနဲ ထမိသွားတော့သည်။ ထို့အပြင် ခေါင်းမှသွေးတစ်စက်ပြီးတစ်စက်ကျနေသော ဝမ်ရိပေါ်၏အနားသို့ မည်သို့ပင် ရောက်မှန်းမသိ ရောက်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျလုဆဲဆဲဖြစ်နေသည့်သူ့ကို လက်ဖြင့်ဖမ်းကာ လှမ်းပွေ့ရင်းထိန်းလိုက်သည်။
ထို့နောက် နှစ်ယောက်သားအရှိန်မထိန်းနိူင်ဘဲ ဝမ်ရိပေါ်အားပွေ့ထားလျက်ပင် ကြမ်းပြင်ပေါ်သို့ ထိုင်ချမိလိုက်တော့သည်။ ဝမ်ရိပေါ်၏ပါးပြင်ကို လက်တစ်ဖက်ဖြင့် အသာပုတ်ကာ
"ရိပေါ်... ရိပေါ်.... ဝမ်ရိပေါ် ငါခေါ်နေတာကို ပြန်ထူးဦးလေ..."
"............."
"ရိပေါ် ငါ့ကို မျက်လုံးဖွင့်ကြည့်ပါဦး....ဝမ်ရိပေါ်... "
ပါးပြင်ကို အသာပုတ်နှိူးနေသော်လည်း မိမိလက်ပေါ်တွင်ရှိနေသော ဝမ်ရိပေါ်၏မျက်လုံးများမှာတော့ မှိတ်ထားဆဲပင်ဖြစ်သည်။ လက်တလောဖြစ်ပျက်သွားသည့်အခြေအနေကြောင့် ကိုယ်ကိုတိုင်လည်း ကြောင်အနေမိသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာ သတိမေ့နေသော ဝမ်ရိပေါ်ကိုသာ လှုပ်နှိူးရင်း မျက်ဝန်းထဲရှိ မျက်ရည်များက ကျွန်တော့်၏ပါးပြင်ထက်ဝယ် နေရာယူနေတော့သည်။
"ရိပေါ် ထပါဦး...ငါ့ကိုမနောက်နဲ့လေ...ဝမ်ရိပေါ် ငါပြောနေတယ်နော် ထလို့....ရိပေါ်....ထပါကွာ....ရိပေါ် ထ...."
_______________________________________
ဒုန်း.............(တံခါးအားတွန်းဖွင့်သံ)
"Boss .... အစ်ကိုလေး..."
"အတွင်းရေးမှူးကွမ် ရိပေါ် ...ဝမ်ရိပေါ် ကို...အင်း ဆေးရုံ... ဟုတ်တယ် ဆေးရုံသွားကြမယ် အခုချက်ချင်းကားပြင်လိုက်ပါ!!! ။"
ခြံဝန်းထဲတွင်ထိုင်ကာ အိမ်တော်ထိန်းမင်နှင့်အတူ စကားပြောနေစဉ် အိမ်အပေါ်ထပ်ရှိBossအခန်းမှ တစ်စုံတစ်ခုအား ရိုက်ခွဲသည့်အသံကိုကြားလိုက်တာကြောင့် အပေါ်ထပ်ကို အပြေးတက်လာမိခဲ့သည်။ အပေါ်ထပ်သို့ရောက်ကာ အခန်းထဲဝင်လိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းမှာ ဆို့နင့်ဖွယ်ရာအတိပင်ဖြစ်သည်။
YOU ARE READING
Goodbye My Love
Short Story" နာကျင်မယ်ဆိုတာကို သိနေပေမယ့် ရူးလောက်အောင် ချစ်နေမိတဲ့အတွက် အဲ့ဒီ့အချစ်ကို ဘယ်တော့မှ နောက်မဆုတ်ဘူး..." Start Date-{ 2020/06/05} (Friday)