Episode (5) [Uni & Zawgyi ]

128 12 48
                                    

Unicode Version

လက်ရှိဆေးရုံတက်နေသည့် ဝမ်ရိပေါ်၏အခန်းသည် VVIP Roomဖြစ်တာကြောင့် တီဗွီတစ်လုံး၊ ဆိုဖာဆက်တီခုံတစ်ဝိုင်း၊ လေအေးပေးစက်တစ်ခု ၊ ရေခဲသေတ္တာတစ်လုံးအပါအဝင် လူနာစောင့်အတွက် တစ်ယောက်အိပ်ကုတင်လုံးပါရှိသည်။ထို့အပြင် ရေချိူးခန်း၊ အိမ်သာ တို့ဖြင့် အပြည့်အစုံဖွဲ့စည်းထားသည့်အတွက်ကြောင့် သက်တောင့်သက်သာရှိပေသည်။

အတွင်းရေးမှူးကွမ်အား မနက်စာလာပို့ရန်အတွက် ဖုန်းဆက်ပြီးသည့်နောက် ဝမ်ရိပေါ်ရှိရာ ကုတင်ဘက်သို့ ရှောင်းကျန့်​ပြန်လာလိုက်သည်။သူ့ဘက်သို့ ကျွန်တော်လာသည်ကိုမြင်တော့ ကုတင်ထက်မှာလှဲနေရင်း ပြုံးပြီးကြည့်နေလေသည်။ကျွန်တော်လည်း သူ့ကိုပြန်ပြုံးပြပြီးမှ စကားစလိုက်သည်။

"အတွင်းရေးမှူးကွမ် ခဏနေရင် လာလိမ့်မယ်။ ခေါင်းက ဘယ်လိုနေသေးလဲ? "

"ခေါင်းကကိုက်တုန်းပဲ ဒါပေမယ့် အဆင်ပြေပါတယ်။ကျန့်ကော ကုတင်ကို မတ်ပေးလို့ရမလား?ကျွန်တော် ဒီလိုမျိူးလှဲနေရတာ အဆင်မပြေလို့။"

မျက်နှာငယ်လေးဖြင့် လှဲနေရတာအဆင်မပြေကြောင်းပြောလာသည့်ဝမ်ရိပေါ်ဟာ တကယ့်ကို ချစ်စရာအတိ...ကျွန်တော်လည်း ရီမုတ်ယူကာ ကုတင်ကိုမတ်ပေးလိုက်သည်။ သူ့ရဲ့ကျောနောက်တွင် ခေါင်းအုံးထားပေးပြီး သက်တောင့်သက်သာဖြစ်စေရန်အတွက် သေချာနေရာပြင်ပေးလိုက်သည်။

"ခဏလေးစောင့်နေလို့ အဆင်ပြေတယ်မဟုတ်လား? ကော မျက်နှာသစ်လိုက်ဦးမယ်။"

"ရပါတယ် ။ မျက်နှာသွားသစ်တော့လေ ကျန့်ကော"

"အင်း ဒါနဲ့ ခေါင်းကတအားကိုက်နေတာလား?ကော ဒေါက်တာလျိူကို သွားခေါ်လိုက်ရမလား?"

ကျွန်တော့်ရဲ့ဘေးနားမှာရပ်ကာ တတွတ်တွတ်ဖြင့် စကားပြောရင်း စိတ်ပူပေးနေသည့် ကျန့်ကောကြောင့် ဝမ်းသာပီတိဂွမ်းဆီထိသကဲ့သို့ အပျော်လွန်နေမိသည်။ကျွန်တော့်ကို စိတ်ပူနေသော ကျန့်ကော၏လက်ကလေးတစ်ဖက်ကို ဆွဲယူလိုက်ပြီး ကျန့်ကောရဲ့မျက်နှာချောချောအား မြတ်နိုးစွာကြည့်ရင်း ပြုံးမိသည်။ ကျွန်တော့်၏အပြုအမူကြောင့် ကျန့်ကောက အထူးတဆန်းကြည့်ပြီး ခဏကြာတော့ မျက်စောင်းထိုးလာတော့သည်။

Goodbye My LoveWhere stories live. Discover now