Unicode Version
ရှောင်းကျန့်အား ဖက်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်နှာကြီးနီရဲလာကာ ကျွန်တော်တို့ကို စိုက်ကြည့်နေသည့် ဝမ်ရိပေါ်အား အရသာခံရင်း ကြည့်နေလိုက်သည်။ နောက်ပိုင်း ဒီ့ထက်ပိုဆိုးတော့မှာ ဝမ်ရိပေါ်... ဒါက အစပဲ ရှိသေးတယ်။ ငါ့ဆီက လုသွားသမျှ အရာအားလုံးကို ပြန်ယူပြမယ်။စောင့်ကြည့်နေလိုက် ကစားပွဲက အခုမှစမှာ...
မိနစ်အနည်းငယ် စိုက်ကြည့်ပြီးသည့်နောက် ဝမ်ရိပေါ်တစ်ယောက် လှည့်ထွက်သွားလေတော့သည်။ ကျွန်တော့်ရဲ့ကိုယ်လုံးနဲ့ကွယ်ထားတာကြောင့် ရှောင်းကျန့်ကတော့ ထိုသကောင့်သားအား မမြင်လိုက်ပေ။ အခုချိန်ထိ ကျွန်တော့်ရင်ခွင်ထဲတွင်ရှိနေသော ရှောင်းကျန့်အား ပြုံးကာငုံ့ကြည့်ရင်း ခေါင်းလုံး, လုံးလေးကို ခိုးကာနမ်းရှိုက်လိုက်မိသည်။
ခဏလေး တကယ့်ကို အချိန်ခဏလေးပဲ စောင့်နေပေးပါ ရှောင်းကျန့်။မကြာခင် မင်းကို ငါအရပြန်ယူပါ့မယ်။ အရင်ချိန်က သတ္တိနည်းခဲ့တဲ့ငါ့ကို ခွင့်လွှတ်ပေးမယ် မဟုတ်လား ၊ နောက်ပြီး မင်းရဲ့နှလုံးသားထဲမှာရော ငါ့အတွက် နေရာရှိတုန်းပဲမလား၊ ငါကတော့ မင်းကို တစ်ရက်မှ မေ့မရခဲ့ဘူးသိလား ။
လူတိုင်းမှာ ဒုတိယအခွင့်အရေးဆိုတာ ရှိတယ်လေ။ဒါ့ကြောင့် ငါ့ကို ဒုတိယအကြိမ်အဖြစ် အခွင့်အရေးပြန်ပေးပါ။ မင်းစိတ်မပျက်စေရပါဘူး။ ဒီတစ်ကြိမ်ပဲ ကြိုးစားခွင့်ပေးပါ။ ငါ့ဘက်က ပျက်ကွက်မိသမျှ အချစ်တွေအကုန် ပြန်ပေးဆပ်ပါ့မယ်။ သိပ်ချစ်တယ် ရှောင်းကျန့်...
__________________________________
မင်ဝေ့ထံမှ ပြန်ဖြေလာမည့်အဖြေကို စောင့်နေစဥ် ရုတ်တရက် ကျွန်တော့်ကိုလာဖက်တာကြောင့် ကြောင်အသွားမိသည်။နောက်မှ ဖက်ထားသည်ကိုရုန်းလိုက်ကာ မင်ဝေ့၏မျက်လုံးအား သေချာစူးစိုက်ကြည့်လိုက်သည်။ထိုအခါမှ ပြာ, ပြာသလဲဖြင့် ဖြေရှင်းချက်ပေးလာလေသည်။
"ဆောရီး ငါမင်းကို မတွေ့ရတာကြာလို့ ဖက်လိုက်မိတာပါ။ "
"ထားပါတော့ အခုလာရင်းကိစ္စကိုသာ ပြော "
YOU ARE READING
Goodbye My Love
Historia Corta" နာကျင်မယ်ဆိုတာကို သိနေပေမယ့် ရူးလောက်အောင် ချစ်နေမိတဲ့အတွက် အဲ့ဒီ့အချစ်ကို ဘယ်တော့မှ နောက်မဆုတ်ဘူး..." Start Date-{ 2020/06/05} (Friday)