>1<

564 83 13
                                    

Unicode>>

ကြီးမားထည်ဝါလှသော နန်းတော်ကြီးရှေ့၌

သံချပ်ကာဝတ်စုံကိုဝတ်ဆင်လျက် ခါးတွင်ချိတ်ဆွဲထားသော ဓားရှည်မှသွေးစက်တို့က တစက်တစ်စက်ကျနေဆဲ

စူးရဲနေသောမျက်ဝန်းတစ်စုံ ၊ ထက်ရှလှသောမေးရိုးတို့နှင့် အထက်တန်းစားရုပ်သွင်ကိုပိုင်ဆိုင်ထားသည့်ထိုသူကား..

"ငါ ရယ်ဆွန်း..ဒီနေ့ကစပြီး..ဝမ် အင်ပါယာရဲ့ အရှင်သခင်ပဲ...နိုင်ငံနဲ့လူမျိုးအပေါ်..."
.
.
နောက်ဆက်တွဲစကားတွေကိုပင် မကြားနိုင်လောက်သည်အထိ ငိုက်မြည်းလျက်ရှိသော Jongin တစ်ယောက် လက်မောင်းကိုလိမ်ဆွဲလိုက်သောပထိအတွေ့ကြောင့် မျက်လုံးတို့ပြူးသွားရသည်။

လိမ်ဆွဲလိုက်သူက အစ်ကိုကြီးဖြစ်သူ

"Jun hyung..."

"Jonginne ဘယ်လိုတောင်ငိုက်နေတာလဲ...ရိုက်ကွင်းကလူတွေကိုနည်းနည်းပါးပါးအားနာပါဦး.."

Jongin တတို့ရောက်နေသည့်‌နေရာကား နန်းတွင်းဇာတ်လမ်းတွဲတစ်ခု၏ ရိုက်ကွင်းနေရာပင်..

လိုချင်သော နေရောင်အနေအထားကိုရဖို့အတွက် အသင့်တော်ဆုံးဖြစ်သည့်အချိန်ကား..နေ့လည် တစ်နာရီ နေ့လည်စာစားပြီးစအချိန်ဖြစ်သည်မို့

နေပူပူမှာအလုပ်ရှုပ်လျက်ရှိသည့် staff တွေအပြင် အမိုးအကာမရှိသည့် နေကျဲကျဲတောက်ပူနေသည့်အလည် သံချပ်ကာဝတ်စုံဝတ်ကာ  အားနှင့်မာန်နှင့်သရုပ်ဆောင်နေရသော မင်းသားကိုပင်အားမနာနိုင်စွာ  တစ်ခေါင်းလုံးယိမ်ထိုးနေအောင်ငိုက်နေသည့် Jongin ကြောင့် အားလည်းနာတက်သလို စကားလည်းများလှသည့် Jongin အကိုတော် Jun Myeon ကဆူလေပြီ

"မသိဘူးဗျာ.."

"မသိဘူးမလုပ်နဲ့လေ..မင်းပဲ manager လုပ်ချင်တယ်ဆို....ငယ်လေးကိုမင်းတာဝန်ယူရမှာ.."

ထိုစကားကြောင့် Jongin မျက်နှာမှာပိုလို့‌တောင်ရှုံ့မဲ့သွားရသည်။

သို့သော်ဆက်အထွန့်မတက်ရဲတော့...

စူဆောင့်ဆောင့်နဲ့ထိုင်နေရင်းပင် Jongin အတွေးတို့က လွန်ခဲ့သောတစ်ပတ်ကိုပြန်ရောက်သွားသည်။
.
.
.
H.B entertainment...

Actor Oh and Manager Kim ⟨⟨Hiatus⟩⟩Where stories live. Discover now