>11<

335 63 25
                                    

•Unicode•

"Jongin shi အဆင်သင့်ပဲလား"

ဒါရိုက်တာကြီး၏ နို့ဆီစမ်းထားသည့်နှယ် ချိုအီအီအသံကြီးအဆုံး Jongin တစ်ယောက်လက်ခလယ်ထောင်ပြချင်သည့်စိတ်ကိုထိန်းက လက်ညှိုးနှင့် လက်မကလေးကိုထိပြီး အိုခေလိုက်ရသည်။

ရာသီဥတုကပူရတဲ့အထဲ ဂါဝန်ရှည်ကြီး ဝတ်ပုဝါရှည်ကြီးခြုံထားရသည့်အပြင် အစစ်လားအတုလားမသိသည့်ရွှေတွေပါ ပိသာချိန် ငါးဆယ်လောက်ဝတ်ပြီး ဆံပင်တုကြီးပါစွတ်ထားရသည့် Jongin ကားသေချင်စော်ပင်နံနေပြီဖြစ်သည်။

Jongin ဘေးမှာတော့ ယပ်တောင်လေးတစ်ဖျပ်ဖျပ်နှင့်အားကြိုးမန်တက်ယပ်ခပ်ပေးနေသည့် အကိုတော် Jun Myeon ရှိလေရဲ့။ ရုတ်တရက်ကြီးရောက်ချလာသော Jun Myeon ကခရီးမထွက်ရတာကြာနေလို့ဆိုသော ကိုးလိုးကန့်လန့်အကြောင်းပြချက်ကြီးနှင့်။

တကယ်တော့ Jun Myeon India ကိုရောက်နေတာ ရှေ့ငါးရက်လောက်တည်းကပင်။ ဘယ်လောက်ပဲစိတ်ချရသည့်လူအများကြီးနှင့် သွားသည်ဆိုဆို Jongin ကိုစိတ်မချနိုင်တာမို့ ရောက်နေရခြင်း။

ရိုက်ကွင်းအကြောင်းကြားရသည်နှင့် ချစ်လှစွာသောညီအား ဓာတ်ပုံရိုက်လို့အကောင်းဆုံးအချိန်ပါလားဟူသော နတ်ဆိုးအတွေးကြီးနဲ့ဘွားခနဲပေါ်လာရခြင်း (ʘᴗʘ✿)

ယခု Jun Myeon ကားညီလေးကိုချစ်ပေမဲ့ စနောက်နိုင်မည့်ရွှေရောင်အခွင့်အရေးကြီးကိုလည်းလက်လွတ်မခံနိုင်ဘူးကိုးး( ꈍᴗꈍ)

Jongin ကတော့ဖြင့် သူ့အကိုယုန်အားလေကဲ့သို့သာသဘောထားလေရဲ့ :,-)

ဘယ့်နှယ် လူစားထိုးသရုပ်ဆောင်ပေးရတယ်ဆိုရင်လည်း Jongin လိုချောတောမောတော ရတနာခဲလေးဟာ ခပ်မိုက်မိုက်စတိုင်လ်အပြည့် သူဌေးလေးလိုနေရာမျိုးမှာ သရုပ်ဆောင်သင့်တာ မဟုတ်ဘူးလား ಠ益ಠ

ခုတော့...ဘာတဲ့ သူဌေးမလေးက နံနံဂျားက ဘောစိဘဲကြီးနှင့် မင်္ဂလာဆောင်သည့်အခန်းတဲ့လေ(ノಠ益ಠ)ノ

ပြီးတော့ဘာ..မင်းသမီး၏ အဘွားရဲ့အဘွား၏ ဆန္ဒဖြစ်သည့် India tradition အတိုင်း မင်္ဂလာပွဲကျင်းပရမယ်ဆိုတာ (╯°□°)╯︵ ┻━┻

Actor Oh and Manager Kim ⟨⟨Hiatus⟩⟩Where stories live. Discover now