>3<

392 76 10
                                    

Unicode>>

ဂုဏ်ပြုပွဲ ကျင်းပရန် ခမ်းခမ်းနားနား ပြင်ဆင်ထားသည့် hotel poolside

မီးရောင်စုံတို့နှင့် တောက်ပအသက်ဝင်နေသော ပွဲကျင်းပရာနှင့်ကွာခြားစွာ ပွဲ၏အစွန်‌နေရာ ခပ်မှိန်မှိန်မီးလုံးတို့နှင့် အလှစိုက်အုန်းပင်တို့ရှိရာနေရာ၌ ကြည့်ကောင်းဟန်ရှိသော အမျိုးသားတစ်ဦးနှင့် လှပလှသောအမျိုးသမီးတစ်ဦး

အမျိုးသားသည် ကိုယ်နှင့်သိပ်အချိုးမကျလှသော suit နှင့်အတူ မျက်နှာတစ်ဝက်လောက်ထိနေရာယူထားသော ကိုင်းထူထူမျက်မှန်ကြောင့် နုံအသည့်ပုံပေါက်ကာ ခပ်လှမ်းလှမ်းမှမြင်ရသည့် ကြည့်ကောင်းသည် ဆိုတာလေးတောင်မကယ်နိုင်တော့..

ကိုယ်ပေါ်မှာကွက်တိဖြစ်ကာ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေသော ပန်းနုရောင် ဂါဝန်ရှည်ကိုဝတ်ထားသည့် လှပသောအမျိုးသမီးက အမျိုးသားကိုပြင်းပြင်းထန်ထန် အပြစ်တင်စကားပြောနေသည်။

"ဒီတိုင်းဆို ရှေ့လျှောက်နင်ဘယ်လိုလုပ်မှာလဲ...နင်သိလား ဒီပွဲက ငါ့အတွက် boss ကလုပ်ပေးတာ ခု project ကိုငါရအောင်လုပ်နိုင်ခဲ့လို့...ရာထူးလည်းတိုးဦးမှာ...နင်ကရော.ဒီနေရာမှာပဲရပ်နေဖို့စဉ်းစားထားတာလား.."

"ငါ....ငါ..ကြိုးစားနေပါတယ်..."

"ငါတို့အလုပ်အတူတူလုပ်ကြတာ ငါးနှစ်တောင်ရှိနေပြီ ငါရာထူးသုံးခါတိုးပြီးပြီ...နင်ကရော..အဲ့ဒီစာရင်းစစ်အလုပ်လေးတောင် မပြုတ်အောင်ကြိုးစားနေရတုန်းပဲ...ဒီတိုင်းသာဆို..နင်နဲ့ငါနဲ့ ရှေ့ဆက်ဖို့ကိုပြန်စဉ်းစားရတော့မယ်.."

"ငါ..ငါ..."

ပြောပြောဆိုဆိုထွက်သွားသော အမျိုးသမီးလေးလက်ကို လှမ်းဆွဲရန်လုပ်လိုက်ပေမဲ့မမှီလိုက်...

အမျိုးသားကတော့ မမှီလိုက်သည့ သူ့လက်ဖဝါးကိုငေးကြည့်ရင်းအတော်ကြာငိုင်နေပြီးမှ လှမ်းခေါ်သည့်အသံတို့ကြောင့် မျက်မှန်အောက်မှ မျက်ရည်တို့ကိုသုတ်ပြီး..ထုံထုံအအ အပြုံးနှင့် သူ့ကိုခေါ်သည့်သူထံသို့ပြေးသွားလိုက်သည်။

**CUT..

ဒါရိုက်တာ၏ အသံစူးစူးပေါ်လာပြီးသည်နှင့် Jongin ဘေးရှိ ခုံတွင်ဝင်ထိုင်လိုက်သော Sehun က မျက်မှန်ထူထူကြီးကိုချွတ်ကာ နဖူးပေါ်အုပ်နေသည့် ဆံပင်ကိုသပ်တင်လိုက်သည်။

Actor Oh and Manager Kim ⟨⟨Hiatus⟩⟩Donde viven las historias. Descúbrelo ahora