အခန္း (၁)/ အခန်း (၁)

5.6K 540 24
                                    

Unicode
ဟေး ... ဘာမှမပြောနဲ့

မင်းရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး ငါ့ကိုရှာကြည့်လိုက် ... ဘယ်ဘက်ကိုကြည့်လိုက် ညာဘက်ကိုကြည့်လိုက် တည့်တည့်ကိုကြည့်လိုက် ပြီးတော့ မင်းရဲ့ခေါင်းကိုလှည့်လိုက် ... ငါ့ကိုမမြင်ရဘူးမလား ..? ဒါပေမဲ့ ငါမင်းကိုမြင်ရတယ် ပြီးတော့ မင်းနဲ့စကားပြောချင်တယ် ..

မကြောက်ပါနဲ့ ငါကထူးဆန်းတဲ့အရာမဟုတ်ပါဘူး မင်းငါ့အသံကိုပဲကြားရမှာ ပြီးတော့ ငါမင်းကိုနာကျင်အောင်မလုပ်ပါဘူး ..

"မင်း ... မင်းဘယ်သူလဲ" မင်းညလယ်ခေါင်ကြီးနိုးလာတော့ ဘာကြောင့်ဒီလိုထူးဆန်းတဲ့အသံကြီးကြားနေရတာလဲ ..?

မကြောက်ပါနဲ့ ဘာလို့ဒီလိုကြီးကြောက်နေတာလဲ .. ငါမင်းကိုနာကျင်အောင်မလုပ်ပါဘူးလို့ပြောခဲ့တယ်မလား ..?

"မင်းဘာကောင်လဲ .. ထွက်ခဲ့စမ်း!"

ကိုယ့်မှာ ရုပ်ခန္ဓာမရှိတဲ့အတွက်ကြောင့် ကိုယ်ထွက်လာလို့မရဘူး ...

ရုပ်ခန္ဓာမရှိဘူး ..?! ဒါဆို သရဲလား .. မဟုတ်ဘူး အဲ့အရာတွေက ကမ္ဘာပေါ်မှာမတည်ရှိနိုင်ဘူး။ ဒါဆို သရဲမှမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ
မသိတဲ့အရာကြီးက ကြောက်ဖို့ကောင်းတယ် ... စောင်ကိုခေါင်းမြီးခြုံလိုက်ပြီးနောက်အနည်းငယ်တုန်ရီနေသည်။ စောင်ခြုံထားပြီးမေးလာ၏။ "မင်း .. ဘာကောင် .. မင်း-မင်း ...မင်း"

ကိုယ်က သရဲမဟုတ်ပါဘူး .. ကိုယ်ရုပ်ခန္ဓာမရှိဘူးဆိုတာက ကိုယ်ကမင်းရဲ့စိတ်ထဲမှာမို့လို့ပဲ ... ပြောရမှာတော့နည်းနည်းခက်ပေမဲ့ ကိုယ်ကမင်းရဲ့ခန္ဓာကိုယ်ထဲမှာ မင်း ဒါမှမဟုတ် မင်းရဲ့ဝိညာဉ်ကခွင့်မပြုထားတဲ့ အသိဉာဏ်တစ်ခုပဲ

ဒါဘာကိုဆိုလိုတာလဲ? သူအိပ်မက်မက်နေတုန်းလား? အဲ့လိုမှမဟုတ်ရင် ဘာလို့ဒီလိုထူးဆန်းတဲ့အရာတွေတွေ့နေမှာလဲ? စုချင်းယန်က သူ့မောင်းသူခပ်နာနာဆွဲစိတ်လိုက်၏။ ... နာတယ်! အိပ်မက်မက်နေတာလည်းမဟုတ်ဘူး ... ဒါဆို စောနကအသံကဘာပါလိမ့်
ပြောချက်အရဆို အဲ့အရာကသူ့ခန္ဓာကိုယ်ထဲမှာရှိနေတယ်ဆိုရင် သူ့ခေါင်းထဲမှာ အဲ့အရာနဲ့အတူတူစကားပြောလို့ရတာပေါ့? စုချင်းယန်ခဏလောက်တိတ်ဆိတ်နေပြီး သူ့စိတ်ထဲမှာ စကားပြောဖို့တွေးတောနေသည်။

4:48 凌晨四點四十八 | ဘာသာပြန် ✔️Où les histoires vivent. Découvrez maintenant