အခန္း (၅)/ အခန်း (၅)

1.4K 410 16
                                    

Please Scroll Down for Zawgyi

ဒီလိုသေးငယ်တဲ့တွေ့ဆုံမှုလေးကိုရှောင်တိမ်းနိုင်လိုက်တာကြောင့် နောက်ပိုင်း ပိုပြီးလွယ်ကူသွားသည်။ ဟဲရှုရှိတဲ့နေရာကို စုချင်းယန်သွားစရာမလိုတော့ ပေ ။ ကံကောင်းစွာနဲ့ပဲ သူတို့နှစ်ယောက်ဟာ ဌာနချင်းလည်းမတူကြပေ ။ နောက်ဆုံးမှာတော့ စုချင်းယန်ကြိုးကြိုးစားစားလုပ်စရာမလိုတော့ပေ ။

သို့သော်လည်း စုချင်းယန်မှာမေးစရာရှိနေသေးသည် ။ zero ပြောပုံအရ ဒါတွေဟာ သူနဲ့ဟဲရှုအတွဲဖြစ်လာတဲ့အတွက်ကြောင့်ဖြစ်ရသည့်အရာများဖြစ် သည် ။ ဟဲရှုကိုသူဖွင့်မပြောခင်အချိန်အထိ အဆင်ပြေနေသေးသည် ။ ဒါဆို ဘာလို့? ဘာလို့ သူ့ကိုရှောင်နေရမှာလဲ-?

[ဘာလို့လဲဆိုတော့ ဟဲရှကမင်းကိုချစ်နေလို့ .. သူကမင်းကိုဖော်မပြတာပဲရှိတာ] zero က စုချင်းယန်ရဲ့မေးခွန်းကို ပြန်ဖြေလိုက်သည် ။ တိတိကျကျနဲ့ ...

တကယ်တော့ သူ့ရဲ့ ၉၈ ခါသောသေခြင်းတရားတွေက ဟဲရှုနဲ့ပတ်သက်နေတယ် ဆိုတာကိုသိပြီးနောက်မှာ ဟဲရှုကသူ့ကိုချစ်တယ်ဆိုတာ သူမယုံကြည်လေဘူး ။ ၉၈ ကမ္ဘာတွေဟာ သူ့ရဲ့စိတ်ကူးယဉ်သက်သက်ပဲလို့ ထင်နေမိသည် ။ ကံကောင်းစွာနဲ့ သူကဒီကမ္ဘာမှာရှိသည် ။ စိတ်ကူးယဉ်ခြင်းမဟုတ်နေပေ ။

[မင်းဒီကမ္ဘာမှာတော့ သူ့ကိုချစ်မိသွားလို့လုံးဝမဖြစ်ဘူး .. နားလည်လား] zero ပြော၏ ။

"ဟုတ်တာပေါ့" စုချင်းယန်ပြန်ပြော၏ ။ "ခင်ဗျားပြောသလို ကျွန်တော်ကသူငယ်ချင်းမရှိတဲ့ အတွက်ကြောင့် သူကငါ့သူငယ်ချင်းဖြစ်လာမယ် .. နောက်ပိုင်း ကျွန်တော်ကသူ့ကို ချစ်မိသွားမယ် .. ဒါပေမဲ့ အခုတော့ အဲ့လို မဖြစ်တော့ဘူး, ကျွန်တော်သူ့ကိုသိမှာမဟုတ်တော့ဘူး .. ပြီးတော့ မင်းကလည်း ငါ့ကိုပြောပြပြီးသားလေ"

[ဒါဆို .. မင်းကငါ့ကိုသေချာသိတယ်ပေါ့လေ]

"အလိုလိုသိတာ" သူ့ကိုဘယ်တော့မှထားမသွားမယ့်ယောက်ျားလေး တစ်ယောက်နဲ့ စကားပြောရဖို့ဆိုတာအရမ်းရှားပါ၏ ။

Zero ကိုသာထင်ထင်ရှားရှားမြင်နေရမယ်ဆိုရင် zero ရှက်နေတဲ့ပုံကို စုချင်းယန်မြင်ရပေလိမ့်မည် ။

4:48 凌晨四點四十八 | ဘာသာပြန် ✔️Donde viven las historias. Descúbrelo ahora