အခန္း (၃)/ အခန်း (၃)

1.7K 405 21
                                    

Unicode

"ဘာလို့လဲ"

[ဟဲရှုနဲ့ချန်းဟောင် ဒီနေရာမှာစတွေ့ခဲ့ကြတာ]

"ငါနားလည်ပြီ"

"ဟဲရှု ငါတို့တစ်နေရာရာမှာတစ်ခုခုသွားစားကြမလား" အခုချိန်ကရှောင်တိမ်းရမယ့်အချိန်ပဲ။ စုချင်းယန်က ဟဲရှုရဲ့အင်္ကျီလက်ကိုဆွဲလိုက်ပြီး ချန်းဟောင်နဲ့တွေ့မယ်အရေးကိုတားဆီးရန်ကြိုးစားလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး။ လာ ငါတို့ မာလာတန်း*ပဲသွားစားကြတာပေါ့"

*Mala Tang : အသံထွက်ကိုတရုတ်အသံအတိုင်းပဲရေးလိုက်တယ်။ GT မှာရှာကြည့်တာကတော့ သူက လမ်းဘေးအစားအစာတစ်မျိုးဖြစ်ပြီး စီချွမ်းဘက်မှာဆို ဟော့ပေါ့တစ်မျိုးပဲတဲ့
မှားနေရင်လည်းထောက်ပြကြပါဦး ~.~

ဟဲရှုသက်ပြင်းချလိုက်သည်။ "မင်းအစပ်နည်းနည်းလျော့စားသင့်တယ်"

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်လုံးပေါက်စီဆိုင်ကိုမသွားတဲ့အတွက်ကြောင့် ချန်းဟောင်နဲ့ဟဲရှုလည်းအလိုလိုမတွေ့ပြီးသားဖြစ်သွားသည်။ စုချင်းယန်လည်းစိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်သည်။ သို့သော်လည်း zero ကသူ့ကိုပေါ့ပေါ့မနေရန်သတိပေးနေသေးသည်။ အကြောင်းကတော့ ချန်းဟောင်ကနိုင်ငံခြားဘာသာဌာနကကျောင်းသားဖြစ်ပြီး ဟဲရှုကအင်္ဂလိပ်စာဆရာတစ်ယောက်ဖြစ်သည့်အတွက်ကြောင့်ပင်။ ချန်းဟောင်ကဟဲရှုအတန်းကကျောင်းသားတစ်ယောက်မဖြစ်ပေမဲ့လည်း သူတို့နှစ်ယောက်ရဲ့တွေ့နိုင်ချေကတော့အခုထိများနေတုန်းပင်ဖြစ်၏။

တစ်ခါတစ်ရံမှာ စုချင်းယန်ထူးဆန်းတာကိုတွေးမိသည်။ ချန်းဟောင်က ဟဲရှုကိုကြိုက်တယ်ဆိုတာအခွင့်အရေးကြောင့်ပဲလား? အဲ့အခွင့်အရေးကလည်း ပတ်သတ်မှုကိုချိုးဖျက်နိုင်တာလား? တကယ်လို့ ရိုးရိုးတွေ့တာမျိုးဆိုရင် နားလည်ပေးနိုင်တယ်မလား။ ကြည့်ရတာ သူကအသိမိတ်ဆွေပေါများမယ့်ပုံပဲ။ ဒါပေမဲ့ သူက ဟဲရှုကိုမှကြိုက်တယ်။ zero ကဒါနဲ့ပတ်သတ်ပြီးတော့ လက်မခံဘူး။ ချန်းဟောင်နဲ့ဟဲရှုတွေ့တာနဲ့ကြိုက်သွားမယ်လို့ထင်နေတယ်။ ချန်းဟောင်က ဟဲရှုကိုကြိုက်သွားတာနဲ့ သူလည်းပဲသံသယမရှိစွာနဲ့သေရမယ်။ ဒါတွေအားလုံးက စီစဉ်ထားပြီးသားပဲ။

4:48 凌晨四點四十八 | ဘာသာပြန် ✔️Onde histórias criam vida. Descubra agora