Zawgyi
"ကိုယ်အများကြီးလွမ်းနေခဲ့တာ"
နွေးထွေးသွားတဲ့ခံစားချက်နှင့်အတူရလာတဲ့ကိုယ်သင်းနံ့လေးက တစ်လလုံးစာအုပ်ပုံတွေထဲခေါင်းနှစ်ပြီးပင်ပန်းလာခဲ့သမျကိုဆွဲယူလိုက်သလိုပင်ပျောက်သွားစေသည်။
ဘာလို့များသူနဲ့အတူရှိရင် ပျော်ရွှင်မှုတွေကိုခံစားနေမိတာလဲ။
ကိုယ်ဆံပင်ကိုခပ်ဖွဖွကိုင်ကာ ပိုတိုးပြီးဖက်လာပေမယ့် ကိုယ်
ကတော့မလှုပ်မယှက်တောင့်တောင့်ကြီးရပ်နေမိတုန်း။"အသက်ရှူကျပ်နေပြီ.."
"အာ...ဆောရီး"
သူကလည်းလည်ဂုတ်ကိုပွတ်ကာ ကိုယ့်ကိုအားနာနာနဲ့ပြုံးပြလာသည်။
"မိုးချုပ်နေပြီလေ...ဒီကိုဘာကိစ္စရှိလို့လဲ??"
"ဘာလို့အိမ်ပြန်မလာတာလဲ မင်းပစ္စည်းတွေလည်းအကုန်
ကိုယ်ရွေ့ထားပြီးပြီ ၁လတောင်ကြာနေပြီ လွန်လွန်းတယ်"ခေါင်းငုံ့ထားပြီး တရစပ်ပြောလာပုံက ကိုယ့်ကိုကလေးတစ်
ယောက်ကိုဆူပူနေသလိုလို။"ဟို...စာမေးပွဲကြောင့်ပါ..စာတွေအများကြီးဖြစ်နေလို့ အဲ့ဒါ"
"အိမ်မှာလုပ်လေ...လာ အခုပြန်လိုက်ခဲ့"
ကိုယ့်လက်ကိုဆွဲကာခေါ်သွားတော့မည်ပုံစံပြင်နေသည်။နေပါဦး အခုချက်ချင်းလိုက်သွားလို့မှမဖြစ်တာ။
"ခဏ...ပြန်လို့်မရသေးဘူး!!!"
"Wae??မလိုက်ဘူးလို့ပြောရင်ချီခေါ်သွားမှာနော်"
အပြောထက်အလုပ်ကပိုမြန်သည်ဟုဆိုရမည်ထင်သည်။
ဟန်ဆောလ်ရဲ့ကိုယ်သေးသေးလေးက ထယ်ယောင်းရင်ခွင်ထဲကိုဆွေ့ခနဲပါသွားကာ ပွေ့ချီခံလိုက်ရပြီဖြစ်သည်။"ပြန်ချပေး!!!ရှင် ကျမကိုအရုပ်လိုလုပ်နေတာပဲ!!!"
"မချပေးနိုင်ပါဘူး..ကိုယ်ချပေးလိုက်ရင်မင်းပြေးတော့မှာလေ
ပြန်လိုက်ရမယ် မရဘူး!!!""မလိုက်ဘူး!!စာတွေအများကြီးရှိသေးတယ် ရှင့်အိမ်ကိုလည်းမလိုက်ချင်ဘူး!!"

YOU ARE READING
𝑻𝒉𝒆 𝑳𝒂𝒔𝒕 𝑺𝒑𝒊𝒕𝒆 [Completed]
FanfictionKim Taehyung X OC 𝘛𝘩𝘦 𝘯𝘦𝘢𝘳𝘦𝘳 𝘵𝘩𝘦 𝘭𝘰𝘷𝘦𝘳, 𝘵𝘩𝘦 𝘧𝘶𝘳𝘵𝘩𝘦𝘳 𝘸𝘦 𝘳𝘶𝘯 𝘢𝘸𝘢𝘺...♡︎