Zawgyi
"ဘာလို့ အဘိုးစိတ်တိုင်းကျအကုန်လုံးကိုလုပ်နေရတာလဲ!!"
မကြီးကြီးအောင်လုပ်ထားတဲ့ ပြဿနာကြီးကိုဖြေရှင်းရန်အတွက် အဘိုးဆီကိုသူချက်ချင်းထွက်လာခဲ့သည်။သူ့ကြောင့် အကုန်လုံးကမောက်ကမတွေဖြစ်ကုန်ပြီ။
"မင်းတာဝန်ကျေပြီမို့ မင်းဆက်တက်မယ့်ဘွဲ့အတွက်ပြင်ထား
လိုက်တော့ အဘိုးအားလုံးစီစဉ်ထားပေးမယ်""ဘယ်ကတာဝန်ကျေနေတာလဲ ကျနော်အဘိုးခိုင်းတာဘာတစ်ခုမှမလုပ်ခဲ့ဘူး!!လုပ်ချင်တိုင်းလည်းလုပ်ထားတာမို့လို့
ဆောလ်ကို ထပ်ပြီးမနှောင့်ယှက်ပါနဲ့တော့"တစ်ယောက်တည်းကျန်ခဲ့တဲ့ ဆောလ် အားငယ်နေလိမ့်မည်။
အထင်လွဲနေတာတွေကိုလည်းရှင်းပြရဦးမည်မို့ သူပြန်သွားရမည်။"ဟိုး...နေပါဦး ယောင်းရဲ့"
ဆေးရုံကိုပြန်သွားဖို့လုပ်နေတုန်း အဘိုးရဲ့စကားသံကြောင့်
ထယ်ယောင်းလှည့်ကြည့်လိုက်သည်။"ကျနော်တို့ ပြောစရာစကားမရှိတော့ဘူးထင်တယ်"
"ဟားဟား မင်းကဟုတ်လှချည်လား ဒီအဘိုးကိုလွန်ဆန်မယ်
ပေါ့ တော်တော်အာခံရဲနေပြီပဲ""အဘိုးကရောတော်တော်ဟုတ်နေတယ်လို့ထင်လား!! အဘိုး
ကြောင့် ဘာတွေဖြစ်သွားတယ်ဆိုတာရော_"ခွပ်💥
အသက်၇၀စွန်းစွန်းရှိနေပြီဖြစ်တဲ့ အဘိုးကြီးရဲ့လက်သံက
ထယ်ယောင်းအတွက်မဖြုံပေမယ့် အထိနာသွားကြောင်းကိုတော့ ပါးစောင်ကသွေးစတို့ကသက်သေပြနေသည်။"ငါ့လက်ကိုပြန်ကိုက်ဖို့မကြိုးစားနဲ့ ထယ်ယောင်း!! မင်းရော
မင်းအမေကိုပါ လမ်းဘေးရောက်သွားအောင်လုပ်ပစ်လို့ရတယ်ဆိုတာ နားလည်ထား!!!""အမေ့ကိုမထိနဲ့ အဲ့အခါကျရင်တော့ ကျနော့် အဆိုးမဆိုးပါနဲ့
တောက်ခ်"ထယ်ယောင်းကိုချုပ်ကိုင်ဖို့အတွက် အားနည်းချက်ကောင်းကောင်းတွေကို အဘိုးကသေချာသိသည်။ဒီလူတွေထိခိုက်လာ
ရင် ထယ်ယောင်းကအသက်နဲ့တောင်လဲမယ့်အစားမျိုး။
![](https://img.wattpad.com/cover/189472127-288-k743170.jpg)
YOU ARE READING
𝑻𝒉𝒆 𝑳𝒂𝒔𝒕 𝑺𝒑𝒊𝒕𝒆 [Completed]
FanfictionKim Taehyung X OC 𝘛𝘩𝘦 𝘯𝘦𝘢𝘳𝘦𝘳 𝘵𝘩𝘦 𝘭𝘰𝘷𝘦𝘳, 𝘵𝘩𝘦 𝘧𝘶𝘳𝘵𝘩𝘦𝘳 𝘸𝘦 𝘳𝘶𝘯 𝘢𝘸𝘢𝘺...♡︎