🥀 နှလုံးသားဖြင့် ပြုလုပ်သည်...၁ 🥀

6.1K 128 2
                                    

<Zawgyi/>

နွေ... အတွဲ၂ 🌈

🥀 နှလုံးသားဖြင့်​ ပြုလုပ်​သည်​...၁ 🥀

ည....သည်​ လဆုတ်​ရက်​ ​ဖြစ်​​နေပြီမို့ ပတ်​၀န်းကျင်​ တစ်​ခုလုံးတွင်
အလင်း​ရောင်​ ​မှိန်​ပြပြသာ ဖြန့်​ကျက်​ ထားသည်​။ ၀ိုးတ၀ါး
လ​ရောင်​ ​​အောက်​တွင်​ လှုပ်​လှုပ်​ရွရွ ဖြစ်​​နေသည့်​ နှစ်​ချို့ပင်​အို တို့
ထံမှ ကိုင်းချင်း ထိရိုက်​သံ ၊ အရွက်​ ချင်း ပွတ်​တိုက်​သံ တို့သည်
လည်း ည၏ တိတ်​ဆိတ်​မှုကို ထိုးခွင်းလာသည်​။ ကျွန်​​တော်​တို့
ခြံဝန်း အပြင်​ဘက်​ ​ ​ထောင့်​ တစ်​​နေရာက ည​မွှေးပန်းပင်​ မှ ပန်းရနံ့
ကလည်း စိတ်​ကို လန်းဆန်း ကြည်​လင်​ ​စေသည်​။

ညဉ့်​နက်​ လာ​လေ ​ ကျယ်​​လောင်​ လာ​သော ​ကျောင်းသားများ
အသံက ကျွန်​​တော့်​ ကို ပိုပြီး စိတ်​လှုပ်​ရှား လာ​စေ​တော့သည်​။

ဒီ​​နေ့ည ​အောင်​စာရင်း ထွက်​မှာပဲ...

ကျွန်​​တော် အိပ်​မ​ပျော်​ပါ ၊ ​အောင်​စာရင်း အ​ခြေ​နေ ကို အလွန်
သိချင်​​နေပြီ။ ​အောင်​ဖို့ မ​အောင်​ဖို့ ထက်​ ရဲရဲ နဲ့ အတူ uni တက်​ဖို့
အခွင့်​အ​ရေး ရှိပါ့မလား ဆိုတာသာ စိတ်​ပူ​နေခဲ့တယ်​...

တစ်​ညလုံး အ​တွေးများစွာ ဖြင့်​ အိပ်​မ​ပျော်​ နိုင်​​သော ကျွန်​​တော်
ငထိုက်​ အား မာမား ကလဲ မိုးလင်းမှ ​အောင်​စာရင်း ကြည့်​ဖို့
ပြော​နေ​တော့ စိတ်​ညစ်​ညစ်​ နဲ့သာ လက်​​လျှော့ရ​လေသည်​။

'​ဟေး.... ​အောင်​တယ်​​ဟေ့...'

လမ်းထဲမှ တခြား ​ကောင်​များ ​အော်​​နေသံ ကြားမှ ကျွန်​​တော်
နိုးလာသည်​။

ဘယ်​အချိန်​ ဘယ်​လို အိပ်​​ပျော်​သွားလဲ မသိ​တော့ ပါ ၊ ကျွန်​​တော်
နိုးလာ​တော့ မနက်​ ၈ နာရီ ရှိပါပြီ။

'မာမား...​ရေ.. မာမား...ဘယ်​မှာလဲ'

ကမမ်းကတမ်း ​ပြေးဆင်း သွား​တော့ မာမား က အသင့်​ ကျွန်​​တော့်
ကို ​စောင့်​​နေသည်​။

'မာမား... ​အောင်​စာရင်း သွားကြည့်​ မယ်​​လေ'

'ဘယ်​ကို သွားကြည့်​ မှာလဲ သားရဲ့... သား ဆရာ က မာမား ကို
ဖုန်းဆက်​ ပြီးပြီ '

​နွေ... အတွဲ၂(Summer-2) 🌄👨‍❤️‍👨🔥❣️🔞❣️🔥🌨️🌈🌨️ (Zawgyi+Unicode)CompletedWhere stories live. Discover now