🥀နှလုံးသားဖြင့်​ ပြုလုပ်​သည်​... ၇ 🥀🥰🔞🥰😌

1.3K 45 2
                                    

<Zawgyi/>
နှလုံးသားဖြင့်​ ပြုလုပ်​သည်​… ၇

ဆရာ​လေးတို့ သီလရှင်​ ​ကျောင်းနှင့်​ မလှမ်းမကမ်း အိမ်​တစ်​လုံး ဆီသို့ ကျွန်​​တော် တို့ ​ရောက်​သွားကြသည်​။ နှင်းရည်​ခ နှင့်​ ကျွန်​​တော့်​ ကို လိုက်​ပို့သူ ​ဒေါ်ကြည်​ ဆို​သော အသက်​ကြီးပိုင်း အ​ဒေါ်ကြီး တစ်​​ယောက်​သာ ပါသည်​။

ကျွန်​​တော့်​ ကား​လေး ကို  ​လေး ငါး ဘီးစာ​လောက်​သာ လှိမ့်​လိုက်​ ​ရသည်​။ ရွာထဲက တခြား အိမ်​​တွေလို ဖြစ်​ကတတ်​ဆန်း မဟုတ်​ပဲ ခြံဝန်း​လေး သီးသန့်​နှင့်​ သပ်​သပ်​ရပ်​ရပ်​ ​ဆောက်​လုပ်​ထား​သော ထိုအိမ်​​လေးက မကျယ်​​သော်​လည်း ခဏတဖြုတ်​ နား​နေရန်​​တော့ လုံ​လောက်​သည်​။

ဒါ​ကြောင့်​လဲ သူတို့က သီးသန့်​အိမ်​ လို့ ​ပြောကြတာကို……

မိုး​တွေကလဲ ရွာ​နေလိုက်​တာ အငြိုးတကြီးပင်​ ။ တစ်​​လောကလုံး မိုးသံ​တွေ ဖုံးအုပ်​ထားတာမို့ ​ဒေါ်ကြည်​ က နှင်းရည်​ခ ကို ဘာ​တွေ​ ​ပြော​နေလဲ ကျွန်​​တော် မကြားရပါ။

အိမ်​ထဲ ​၀င်​လာ​တော့ တစ်​ရွာလုံးမှာ မရှိတဲ့ မီး အ​လင်း​ရောင်​ ထို သီးသန့်​အိမ်​​လေး မှာ​တော့ မှိန်​ပျပျ​လေး….

ကဲ… ဒါဆို အ​ဒေါ်လဲ ပြန်​​တော့ မယ်​ ၊ ဆရာမ​လေး အဆင်​​ပြေတယ်​ မလားဟင်​? အ​ဒေါ် လာ​စောင့်​ ​ပေးရဦးမလား?

ရပါတယ်​ ​ဒေါ်ကြီးရယ်​ ၊ ဗိုလ်​ကြီး ရှင်​ရဲထွဋ်​ လဲ ရှိ​နေတာပဲ
ကျွန်​မ မ​ကြောက်​ပါဘူး ​ဒေါ်ကြီး ပြန်​​တော့ ​နော်​…..

အေး ​အေး ဒါ​ဆိုလဲ..
ဗိုလ်​ကြီး…. ဆရာမ​လေးကို အပ်​ခဲ့ပြီ​နော်​…

ပြောချင်​ရာ ဇွတ်​​ပြောပြီး ​ဒေါ်ကြည်​ ပြန်​သွားခဲ့ပြီ။

ကိုရဲ…. ဒါက နှင်း အကို ​ဆောက်​​ပေးထားတာ​လေ
နှင်းတို့ မိသားစု လာလည်​ရင်​ တည်းခိုဖို့ အတွက်
နှင်း စိတ်​ကြိုက်​ ဒီဇိုင်း ​ဆောက်​ထားတာ

အိပ်​ခန်း ၃ခန်း ၊ ထမင်းစားခန်း နဲ့ ​ရေချိုးခန်း အိမ်​သာပါ အထဲမှာပဲ ထည့်​​ဆောက်​ ထားတာ ၊ အခုလို မိုး​တွေ သည်းကြီးမည်းကြီး ရွာ​နေရင်​ အပြင်​ထွက်​စရာ မလို​အောင်​​လေ

​နွေ... အတွဲ၂(Summer-2) 🌄👨‍❤️‍👨🔥❣️🔞❣️🔥🌨️🌈🌨️ (Zawgyi+Unicode)CompletedWhere stories live. Discover now