<Zawgyi/>
ကျွန်တော် ချစ်သော စာစုများ..." ဆုရွှေစင် နင်ငါ့ကို ရဲထဋ် လို့ ခေါ်လို့ ရတယ်၊ ရဲရဲ ဆိုတာ ငထိုက် တစ်ယောက်ပဲ ခေါ်ခွင့်ရှိတဲ့ နာမည်ပဲ..."
ရှင်ရဲထွဋ် (နွေ...၂)
.................
"မင်းက ဘာလို့ ငါ့ကို မင်း တစ်ယောက်တည်းပဲ ရဲရဲ လို့ ခေါ်ချင်ရတာ
လဲ"ရှင်ရဲထွဋ် (နွေ...၂)
................
"မင်းကရော ဘာလို့.. ရဲရဲ ဆိုတဲ့နာမည် ကို ငထိုက် တစ်ယောက်
ပဲ ခေါ်ခွင့်ရှိတယ် လို့ ပြောခဲ့တာလဲ"စိုးထိုက် (နွေ...၂)
..............
ကျွန်တော် ပေးထားသော လက်ဆောင် စက်ဘီးကို အသုံးချကာ
ငပွေးကောင် ငထိုက်သည် ဖွန်လိုက်ကြောင် နေတတ်သည်ကို
ကျွန်တော် သဘောမကျပေ။ရှင်ရဲထွဋ် (နွေ...၃)
...............
ကျွန်တော့် ရင်သည် ဗြောင်းဆန် သွားသည်။ လည်ချောင်း
ထဲတွင် အမျိုးအမည် မသိ အရာတစ်ခု ဆို့နင့် လာ သည်။ အတွေးထဲ
မှ စကားလုံးများ ပျောက်ကွယ်သွားလေပြီ။ ယခု ချက်ချင်း ကျွန်တော်
လုပ်နိုင်သည်မှာ ထွက်ပြေးသွားဖို့ပင်။တလှပ်လှပ် ခုန်နေသော နှလုံးအိမ်
သည် မိုးပျံရထား စီးနေ ရသည့် အလား ကျွမ်းထိုး မှောက်ခုံ
ဖြစ်နေပြီ လား ဟုပင် ထင်မိသည်။ ကျွန်တော် ၏ တဒုန်းဒုန်း
မြည် နေသော ရင်ခုန်သံ တွေအား ကျောဘက်တွင် ကပ်နေသော
ရဲရဲ ကြားသွား မည်ကိုလဲ စိုးရိမ်လွန်း လှပြီ။ သို့သော် ရင်ခုန်သံ
များ ရပ်တန့် အောင်လဲ မစွမ်းဆောင်နိုင်ပေ။စိုးထိုက် (ဇွန်...၄)
...............
ကျနော် နဲ့ ငထိုက် ကြားထဲက ဆက်ဆံရေး ကို ဖြူစင်စွာ မရိုးသားခြင်း ဟူ၍ပင် အမည်ပေးလိုက်ချင်သည်။
YOU ARE READING
နွေ... အတွဲ၂(Summer-2) 🌄👨❤️👨🔥❣️🔞❣️🔥🌨️🌈🌨️ (Zawgyi+Unicode)Completed
Romansaမြီးကောင်ပေါက် အရွယ် ရှင်ရဲထွဋ် နှင့် စိုးထိုက် တို့သည် လူငယ် သဘာဝ အလျှောက် ရူးမိုက်စွာ အချစ်ကို ကိုးကွယ် ကြရင်း အချိန်တွေ ပြောင်းလဲ လာခဲ့ပြီ..... ၁၀ တန်း အပြီး တက္ကသိုလ် အသီးသီး တက်ကြရာဝယ် သူတို့ နှစ်ဦး အတူတူ တက်ခွင့် ရ...