<Zawgyi/>🥀 နှလုံးသားဖြင့် ပြုလုပ်သည်... ၂ 🥀
ကျွန်တော် ဒီနေ့ မနက်စောစော အိပ်ယာ ထပြီး မာမား စုံစမ်းပေးထားတဲ့ ပြည်ပ ပညာသင် အစီအစဉ် ကို သေချာ နားလည်
အောင် လေ့လာနေသည်။ ဒီ အစီအစဉ် က ကျွန်တော် နဲ့ ရဲရဲ ကို
ကူညီပေး နိုင်ဖို့ မျှော်လင့်ချက် လေးပါပဲ။ ပြီးတော့ ကျွန်တော် ဒီနေ့
တော့ ရဲရဲ အိမ်ကို အရဲစွန့်ပြီး သွားမယ်။ သူနဲ့ ဒီကိစ္စ တိုင်ပင်ပြီး
သူ့ မိဘ တွေ သဘောတူအောင် ကြိုးစားကြမယ်။ဒါ ကျွန်တော့် စိတ်ကူးလေးပါပဲ။ တစ်ကယ်တမ်း သူ့အိမ်ကို
သွားတော့......အန်တီထား ရေ..... သား လာလည်တယ် ၊ ရဲရဲ ရော....
ငထိုက်.... သား... လာလေ ၊ ရဲရဲ ကတော့ မရှိဘူး သူ့အဖေ နဲ့
ဗိုလ်လောင်း လျှောက်ဖို့ ကိစ္စတွေ လုပ်နေတော့ သူ အခုတလော
အိမ် သိပ်မကပ် နိုင်ဘူး သားရေ....ဟုတ်လား.... သူ အခု လက်ခံ လိုက်ပြီလား....
ဟုတ်ပ သားရေ.... သူ့အဖေ တက်ခိုင်းတာ တက်မယ်တဲ့
လက်ခံ လိုက်ပြီ....ဟုတ်လား ကောင်းတာပေါ့ အန်တီ...
ဒါနဲ့..... သားရော ၊ ဘာတက်မှာလဲ....?
သား....က.... အင်း... မစဉ်းစား ရသေးဘူး...
ကျွန်တော် အန်တီထား နဲ့ စကားပြောနေပေမယ့် ကျွန်တော့် စိတ်တွေ လွင့်မျော နေခဲ့တယ် ၊ ၀မ်းနည်းစိတ်တွေ တိုးလာတယ် ၊
ကျွန်တော့် မျက်ရည်တွေ မထိန်းနိုင် တော့လို့ အန်တီထားကို
အမြန် နှုတ်ဆက်ပြီး အိမ် ပြန်လာခဲ့ တော့တယ်။..............................................................................
ကျွန်တော် အိမ်ပြန် ရောက်တော့ မာမား က သူ့ ဆိုင်ကို သွားပြီ
ဆိုတော့ ကျွန်တော် တစ်ယောက်တည်း စိတ်ရှိတိုင်း ငိုလို့ ရပြီ ၊
ပေါက်ကွဲ လို့ ရပြီ....ကျွန်တော့် အမြင် အာရုံ တွေေ၀၀ါး နေပြီ... မျက်လုံးအိမ်မှာ
မျက်ရည်တွေ ပြည့်လျှံ နေတာကြောင့် ဘာကိုမှ သဲသဲ ကွဲကွဲ
မမြင်ရ တော့ဘူး။
YOU ARE READING
နွေ... အတွဲ၂(Summer-2) 🌄👨❤️👨🔥❣️🔞❣️🔥🌨️🌈🌨️ (Zawgyi+Unicode)Completed
Romanceမြီးကောင်ပေါက် အရွယ် ရှင်ရဲထွဋ် နှင့် စိုးထိုက် တို့သည် လူငယ် သဘာဝ အလျှောက် ရူးမိုက်စွာ အချစ်ကို ကိုးကွယ် ကြရင်း အချိန်တွေ ပြောင်းလဲ လာခဲ့ပြီ..... ၁၀ တန်း အပြီး တက္ကသိုလ် အသီးသီး တက်ကြရာဝယ် သူတို့ နှစ်ဦး အတူတူ တက်ခွင့် ရ...