<Zawgyi/>
နန်းပန် ဒီကပဲ စောင့်မယ်….
ဒေါက်တာ အန္တရာယ်ကင်းလား စောင့်ကြည့်ရဦးမယ်.
“ဘာလားဟ… ဒီ သောက်ကလေးက ငါ့ချစ်ချစ်ကို
ဘာတွေ ကြံနေလဲ မသိဘူး...ဟွန့်….”
ဟို၂ကောင် အိမ်ထဲဝင်နေပြီ...မြန်မြန်သွားမှ..
နို့မို့ဆို အမြှူစွယ်ကောင်းတဲ့ ဟိုမိန်းမ မဖြစ်သင့်တာတွေ
ဖြစ်နေလို့ မြင်မကောင်းဘူး ဖြစ်နေဦးမယ်.
မွှန်နေတဲ့ အစောင့်၂ကောင်က ကျနော် နောက်က
ရောက်နေတာတောင် မသိဘူးဆိုတော့ ၁ကောင်ကို
အလွယ်တကူပဲ ရှင်းလို့ရသွားတယ်.
ဟင်… နောက်၁ကောင် ဘယ်ရောက်သွားတာလဲ?
အင့်….
အသံ တစ်ချက်ပဲ ကြားလိုက်တယ်. ဟိုကောင် ဘယ်ရောက်
သွားတာလဲ?
မီးဖိုချောင် အကွယ်ဘက်မှာ လူတစ်ယောက် ရှိနေတယ်လို့
ခံစားရတယ်. အသင့်အနေထားနဲ့ အကွယ်ဘက်က
ထွက်လိုက်တော့…..
ဟာ….. ဟူး…. မင်းကိုး…..
အခန်းဒေါင့် အကွယ်က လက်သီးတင်းတင်းဆုပ်ပြီး
ခြေနှစ်ဖက်ကို ချဲ့ကားလျှက် ရန်သူကို ရင်ဆိုင်မယ့်
အသင့်အနေအထား ဖြင့် ရှိနေသူ နှင်းရည်ခ ကို
အမှတ်မထင် တွေ့ရတော့တယ်။
နှင်းရည်ခ…… မင်း အဆင်ပြေရဲ့လား?
အနောက်ဘက် ထွက်လာတဲ့ ရဲရဲ အသံကို ကြားလျှင်ပဲ
ကျနော် ငထိုက်လဲ ဟိုကလေးမ လို လက်မြန်မြန်နဲ့
ရဲရဲ ဆီ သွားပြီး ရဲရဲ မျက်လုံးတို့ကို အုပ်လျှက်
YOU ARE READING
နွေ... အတွဲ၂(Summer-2) 🌄👨❤️👨🔥❣️🔞❣️🔥🌨️🌈🌨️ (Zawgyi+Unicode)Completed
Romanceမြီးကောင်ပေါက် အရွယ် ရှင်ရဲထွဋ် နှင့် စိုးထိုက် တို့သည် လူငယ် သဘာဝ အလျှောက် ရူးမိုက်စွာ အချစ်ကို ကိုးကွယ် ကြရင်း အချိန်တွေ ပြောင်းလဲ လာခဲ့ပြီ..... ၁၀ တန်း အပြီး တက္ကသိုလ် အသီးသီး တက်ကြရာဝယ် သူတို့ နှစ်ဦး အတူတူ တက်ခွင့် ရ...