1

1.4K 35 1
                                    

Belong With You -1

Mew သီချင်းတစ်အေးအေးနဲ့ ဆိုင်ကယ်မောင်းနေခဲ့တယ်
ဒီမြို့လေးကို သူ တက္ကသိုလ်စတတ်မှရောက်လာတာလေ ခုတော့ 3နှစ်ရှိပြီပေါ့ နေသားကြလာတော့လဲ နေလို့တော့ကောင်းသားဗျ နယ်ဘက်မယ်ပဲနေလာခဲတော့ မြို့ကြီးပြကြီးမယ် အဆင်မပြေမှာတော့ စိုးရိမ်ခဲ့သား
ဒီရောက်တော့ အကုန်အဆင်ပြေတယ်လေ သူငယ်ချင်းကောင်းတွေလဲ ရထားတယ်
အော် ကျွန်တော်က တတိယနှစ်ဖြေထားတဲ့ ကျောင်းသားဗျ အနုပညာမေဂျာက ကျွန်တော် ဂီတကို ချစ်မြတ်နိုးတယ် ဂီတက ကျွန်တော်ဘဝရဲ့ အရာရာပေါ့
ကျောင်းဖွင့်ရင်တော့ ကျောင်းကအဆောင်မယ်နေတယ် ခုတော့ကျောင်းလဲ ပိတ်ထားတော့ ကျွန်တော့သူငယ်ချင်း mild အိမ်လိုက်နေနေတာ mild အဖေ Paw နဲ့ ဖောတို့က ရင်းနီးကြတယ်လေ
ဒီနှစ်အဆောင်နေဖို့က ပြဿနာ နည်းနည်းတော့ရှိတယ်ဗျ 3နှစ်လုံးလုံး mild နဲ့နေလာတာ ခုဒီကောင်က သူ့ဖော ကျမ်းမာရေးမကောင်းလို့ အိမ်ကနေပဲတတ်မယ်တဲ့ uncal paw ကတော့ ကျွန်တော့်ကိုလဲ သူ့အိမ်ကနေပဲကျောင်းတတ်ဖို့ပြောပါတယ် တစ်နှစ်လုံးကြီးကျ သူများအိမ်နေဖို့ အဆင်မပြေဘူးလေ ကျွန်တော်က လွတ်လွတ်လပ်လပ်သမား  စည်းတွေဘောင်တွေ နဲ့ သိပ်နေတတ်တာမဟုတ်ဘူးဗျ
ခုတောင် မေဂျာကအဖွဲ့တွေ စုပြီး ကန်ဘောင်သွား သီချင်းဆိုကြတာ
လေ့ကျင့်တဲ့သဘောပေါ့ ကျွန်တော်တို့အဖွဲ့အသစ်ပြန်ဖွဲ့ထားတာ မကြာသေးဘူး ကျွန်တော်ကတော့ အဆိုပိုင်းဦးစားပေးပေါ့ အဖွဲ့ခေါင်းဆောင် တစ်ခါတစ်လေ piano တီး တစ်ခါတစ်လေလဲ ဂစ်တာတီးပေါ့
တစ်ခါတစ်လေ ကျွန်တော်တို့အဖွဲ့ ရပ်ကွက် ဘုရားပွဲလေးတွေမယ်လဲ ဆိုြဖစ်တယ် တစ်ခါတစ်လေ လဲ အလှူ မဂ်လာဆောင် အကုန်အကျသိပ်မခံချင်တဲ့သူတွေကျ ကျွန်တော်တို့ကို ငှားတာပေါ့
ကျွန်တော်တို့အဖွဲ့က လူညီတယ် ပိုက်ဆံသာမရှိကြတာ ငွေရေးကြေးရေးသိပ်မမက်ကြဘူး ဂီတကို ရူးသွပ်နေကြတဲ့ ဂီတရူးလေးတွေပေါ့

ကိုယ့်အကြောင်းကိုတွေးရင်းမောင်းလာလိုက်တာ
ညနေ နေဝင်လို့ မှောင်ရီပျိုးချိန်တောင်ရောက်ပေါ့
ဒီ အနီရောင်အုတ်တံတိုင်း ကြီးကာထားတဲ့ ြခံစည်းရိုးကြီးကတော်တော်ရှည်တယ် မင်းမျိုးမင်းနွယ်တွေ နေတယ်ဆိုလားဘဲ
အပေါက်ဝက လှမ်းကြည့်လို့လဲ အိမ်လှမ်းမမြင်ရအောင်ကို ြခံကြီးက ကျယ်တယ် လူသူအရိပ်အရောင်လဲ တစ်ခါမှမတွေ့ဖူး တော်တော်ချမ်းသာတဲ့သူတွေပဲဖြစ်ရမယ်
uncle paw တို့အိမ်က ဒီတံတိုင်းကြီး အဆုံး ဟိုးဘက် တောင်ဘက်အစမှာလေ ဟိုဘက်လမ်းက သွားလို့ရပေမဲ့ ဒီအုတ်တံတိုင်းနီနီကြီးရယ် ဖြောင့်ဖြူးနေတဲ့ လမ်းမကြီးရယ် အုံ့မှိုင်းနေတဲ့ သစ်ပင်တွေက mew ကိုဆွဲဆောင်ထားလို့လားဘဲ ဒီလမ်းကိုပဲ သုံးဖြစ်တယ်လေ

BELONG WITH YOUWhere stories live. Discover now