Belong With You -3
ဆိုင်ကယ်ပေါ်သာ တင်ခေါ်လာတာ ကျွန်တော် ဘယ်သွားရမည်မသိတာနဲ့ သူငယ်ချင်းတွေနဲ့ ဂစ်တာလာတီးနေကျနေရာလေးကို ခေါ်လာလိုက်သည် ချာတိတ်နဲ့အတူ အေးအေးချမ်းချမ်း အချိန်ကုန်ဆုံးချင်မိသည်
အကောင်ပေါက်လေး က ကျွန်တော့်ကျောကို ခေါင်းကပ်ကာ တင်းကျပ်စွာ ဖက်ထားတုန်း
ချာတိတ် ရောက်ပြီ
ဟင် လက်တွေက အေး စက်နေတာပဲ
ဟုတ်
ချာတိတ်ကြောက်နေတာလား
ဟုတ်တယ် ဆိုင်ကယ်ကို ခုဟာပထမဆုံးစီးဖူးတာပဲ ဟဲဟဲ
ဟာ ကိုယ့်ကိုပြောမှပေါ့ ကိုယ်မသိတော့ မြန်မြန်တွေမောင်းနေခဲ့တာ
pi အရှိန်ပျက်သွားမှာဆိုးလို့ ပြီးတော့ ကျွန်တော်လဲ သဘောကျပါတယ်
ဟင် ဘာကိုလဲ mew သိရက်နဲ့ တမင်ကြီး စိုက်ကြည့်ကာမေးချလိုက်ြခင်းဆိုင်ကယ်စီးရတာကို ပါpi ခေါင်းလေးငုံ့ကာ ရှက်သွားဟန်ရှိတယ်
လူတွေကို သိပ်ဂရုမစိုက်တတ်တဲ့ ကျွန်တော်က ဒီကလေးနဲ့ကျမှ
မျက်နာ ပေါ်မှ ဖြစ်သွားတဲ့ reaction တစ်ခုချင်းစီတိုင်းကို ဘာသာပြန်နေခဲ့မိသည် ဘာကြောင့်လဲတော့ စဥ်းစားမရ
လုပ်ချင်လို့ကို လုပ်နေမိတဲ့ အကျင့်လို့ပဲပြောရမလား းဒါနဲ့ pi က ဂစ်တာတီးတတ် တယ်ပေါ့
အွန်း ဝါသနာလေ ကိုယ်က အနုပညာ မေဂျာက သူငယ်ချင်းတွေနဲ့လဲ အဖွဲ့ ဖွဲ့ထားတယ် ကိုယ့်အိမ်မက်က အဆိုတော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲ နှစ်ခါမြောက်တွေ့ဆုံခြင်း သာ ဖြစ်ပေမဲ ချာတိတ်ကို သူ့အကြောင်းတွေ အကုန်ပြောပြချင်နေမိတယ် အကောင်ပေါက်လေးကလဲ ခေါင်းတစ်ညိမ့်ညိမ့်နဲ့ နားထောင်ပေးတယ်
ဒီချာတိတ်ကို ကြည့်ရင်း လောဘတတ်လာမိတယ်ဆို ပိုနေတယ်လိုထင်မလား း
ရှေ့လျှောက် အခက်အခဲတွေရင်ဆိုင်ရလဲ ဒီလို ရင်ဖွင့်စကားလေးတွေကို နားထောင်ပေးမဲ့ ချာတိတ်သာ ကျွန်တော့်ဘေးနား ရှိနေမယ်ဆို
အရာရာ အဆင်ပြေမယ်ထင်တယ်
ချာတိတ်ကရော ကိုယ့်ကို ဘယ်လိုတွေးနေမလဲဒါနဲ့ ချာတိတ်ကရော
ကျွန်တော်က ဒီနှစ် တက္ကသလိုလိစတတ်မှာ စီးပွားရေး မေဂျာပဲယူြဖစ်မယ်
ဝါသနာပါလို့လား း
ဟင့်အင်း ဝါသနာရယ်လို့ မဟုတ်ဘူး မယ်မယ် ဆုံးြဖတ်ချက်အတိုင်းပဲ
မိသားစုပိုင်လုပ်ငန်းတွေ ဦးဆောင်ဖို့ပေါ့ ့