Belong With You -11
ချာတိတ်နဲ့ မတွေ့ရတဲ့ တစ်ပါတ်က အတော့်ကို ကြာသည်
ဖုန်းပြောရတာလဲ အလွမ်းမပြေ ပြေးသာတွေ့ပစ်ချင်တော့တယ်
အော် pi san ရဲ့ album ထဲ ကျွန်တော်နဲ့ အတူဆိုတဲ့ သီချင်းက မထင်မှတ်ဘဲ ပေါက်သွားတယ် ဗျ
ကံကောင်းတယ်ပဲပြောရမလား ထင်ထားတာထက် လူကြိုက်များခဲ့တယ်
နောက်လထဲ pi san ရဲ့ solo show ကျရင်လဲ ဖျော်ဖြေဖို့ရှိတယ် ဆိုတော့ ခုတော့ လေ့ကျင့်ရေးပိုင်ဘက်ကိုပဲ အာရုံ စိုက်ထားဖြစ်တယ်
ပြောဖို့မေ့နေတာ မနက်ဖြန် ချာတိတ် ရဲ့မယ်မယ်က ထမင်းစား ဖိတ်ထားတယ်ဗျ အဲ့တော့ ကျွန်တော် တက်ကြွနေပြီလေmew ဒီတစ်ခေါက်သွားတော့ လုံခြုံရေးဂိတ်က ဦးလေး က အရင်လို မရစ်ဘဲ တန်းဖွင့်ပေးတယ်
ခုတော့ ဧည့်သည်အဖြစ်နဲ့ လာနိုင်ပြီလေဦးလေး ဆိုင်ကယ် နဲ့ ပဲ သွားလိုက်မယ် နော်
အေးအေး ငါ့တူ လမ်းသိတယ်မဟုတ်လား
ဟုတ် သိတယ်ဗျ
အေးအေး သတိထားမောင်း
ဟုတ် သွားပြီဦးလေးရေကျွန်တော့ ချစ်သူကို တွေ့ချင်လှပြီဗျ
mew ပြောလိုက်ပေမဲ့ ဦးလေးကြီးကတော့ မကြားနိုင်တော့ပေစံအိမ်ကြီးကိုကြည့်ရင်း ကိုယ်အောင်မြင်တဲ့တစ်နေ့ ချာတိတ် မယ်မယ် ဆီိကနေ ချာတိတ်ကို လာတင်တောင်းမယ် စိတ်သာချထားလိုက်
အညွန့်တလူလူတတ်နေတဲ့ အရွယ် ဆိုတော့ ရည်မှန်းချက်တွေအပြည့်ဟော ဟိုမယ် ကျွန်တော်ရဲ့ ချစ်စရာ အကောင်ပေါက်လေးက အိမ်ပြင်ထွက်စောင့်နေသည် ဘောင်းဘီတိုတို တီရှပ်ပွပွလေး း
မျက်လုံးထဲ ဒီပုံရိပ်လေးကို လွမ်းလိုက်ရတာကွာ
mew gulf လက်လေးတွေကိုကိုင်တော့
ဟ်ုး ဆရာ လူတွေမြင်ကုန်လို့ ကိွုင်တတ်သွားမယ်အင်း
အော် pi အဲ့ ဂစ်တာ ယူခဲ့ အိမ်ထဲ
ဘာလို့လဲ မနေ့ကထည်းက အိမ်လာရင်ဂစ်တာ ယူလာပါဆိုလို့သာ
ထမင်းလာစားတာ ဂစ်တာနဲ့ ဘာဆိုင်လဲပေါ့
ခုလဲ အိမ်ထဲထိ ယူခဲ့ခိုင်းနေပြန်ပြီသူခိုင်းတဲ့အတိုင်းလဲ လုပ်မှ မဟုတ် နှတ်ခမ်းကထော်လာလိမ့်မယ်
တစ်ခါတစ်လေလေး တွေ့ရတာ ချော့နေရတာနဲ့ အချိန်မကုန်ချင်
အရေးကြီးတာတွေလုပ်ရအုံးမယ်လေ