2

280 22 2
                                    

Belong With You -2

ဆောင်းဝင်လာပြီမို့ ရာသီဥတုက ချမ်းစိမ့်စိမ့်
စောင်လေးအားရင်ဘက်ထိတွဲခြုံရင်း
ညနေကတွေ့ခဲ့တဲ့
ဟိုလူ အဆင်မှပြေရဲ့လား

ပြန်တွေးမိတော့မှ ရင်တောင်ပြန်ခုန်လာသလိုလို

အဲ့လောက်ချောတဲ့လူ ကိုမတွေ့ဖူးတာအမှန်
နေပုံထိုင်ပုံက လွတ်လွတ်လပ်လပ်နဲ့ ကြည့်ကောင်းတာကတော့အမှန်ပဲ
အသားဖြူနေတာလေးကလဲ မထိရက်စရာ ကြည့်ရတာ ထိုင်းလူမျိုးအစစ်မှ ဟုတ်ပါလေစ
မထိရက် စရာပါဆိုမှ ဟိုခွေးက ကိုက်သွားသေးတယ်
အဲ့ခွေး အရင်ကမရှိပါဘူး ချစ်စရာလေးဆိုပြီး သွားစလိုက်ရာမှ ပြဿနာက စဖြစ်တာ ခွေးက ဘာကို မျက်စိနှောက်သွားလဲ မသိ

ဆေးခန်းရောသွားရဲ့လား ဘဲ
အဲ့လူဝင်ကာပေးလို့သာ မဟုတ်ရင် ခွေးက ခုန်လိုက်တာများ မျက်နာဆီတန်းနေတာ

တစ်ခါတည်းတွေ့ဖူးတာဆိုပေမဲ့အမြဲတမ်း သတိရနေမိမဲ့ မျက်နာပိုင်ရှင် မျိုး

ကိုလူချော က ရုတ်တရပ် ရင်ဘက်ကို လာစမ်းလို့ ဘယ်လောက်တောင် ရင်ခုန်သွားလိုက်မိလဲ ဒါတောင် ရင်တွေတအားတုန်နေပါလားဆိုပြီိး သူကပြောသေး သူ့ကြောင့်ဆိုတာ မသိရော့လား

gulf လေး mew ကိုင်ခဲ့တဲ့ ရင်ဘက်နေရာလေးအား စမ်းရင်း
နွေးထွေးတဲ့ အကြည့်နဲ့ ဂရုတစိုက်ရှိတဲ့ ကိုလူချောကြောင့်
ညဘက်  ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့

တစ်ပါတ်သာကုန်သွားတယ် အချိန်ဇယားအတိုင်း လုပ်နေရလို့ နားချိန်လဲမရှိ အားချိန်လဲမရှိ
ဘာသာစကား သင်တာက လဲ တစ်ရက် ၃မျိုးလောက်
များလှတဲ့ သင်တန်းချိန်တွေထဲ gulf လေး စိတ်ကြိုက်သင်တန်းကတော့ ရေကူးသင်တန်းပဲ  ဒါတောင် ရေကူးသင် ချင်တာ မနည်းပူဆာပြီး အချိန်ထည့် ထားရတယ်
ကျန်တာတွေကတော့ မယ်မယ်ပဲ စီစဥ်ပေးတာ
မယ်မယ် စိတ်ပူချက်ကလဲ လက်လန်တယ် gulf ရေကူးသင်ရင် အစောင့် သုံးယောက် လောက်က အပေါ်မယ်
နောက်နှစ်ယောက်လောက်က ရေကန်ထဲကနေ အသင့်စောင့်ခိုင်းသေးတာ
​ဒီလိုအစောင့်တွေချထားတာ လက်ခံမှ သင်ရမယ်ဆိုတော့လဲ မတတ်နိုင်ဘူး
သင်ချင်တော့လဲ သည်းခံရတာပေါ့
​တကယ်တော့ အပြင်လူတစ်ယောက်ယောက်သာ ဒီအနေအထားကို မြင်ရင် ရယ်ချင်စရာကြီးဗျ ကောင်လေးတစ်ယောက်ရေကူးသင်တာ
လူတွေမှအုံလို့
ကျန်တဲ့လူတွေ အတွက် ထူးဆန်းချင်ထူးဆန်းပေမဲ့လဲ gulf လေးအတွက်ကတော့ ဒါပုံမှန် ကိစ္စပါပဲ
ငယ်ငယ်ထဲက စည်းတွေ ဘောင်တွေထဲ ကြီးပျင်းလာရတော့ အသားကျနေပါပြီ
မယ်မယ် ကစည်းကမ်းတွေတင်းကြပ် တာမှန်ပေမဲ့လဲ ဒီစည်ကမ်းတွေဖေါက်ဖျက်ဖို့ တစ်ခါမှမတွေးဖူးခဲ့
စည်းကမ်း ဆိုတာ လိုက်နာဖို့လို့ပဲ တွေးသည်
စားချိန် အိပ်ချိန်က အစ သပ်မှတ်ထားပြီးသား ကျန်တဲ့လူတွေဆိုနေနိုင်မည်မထင်
တချို့ကတော့ ထင်မှာပေါ့ စော်ဘွား မျိုးနွယ်ရဲ့နောက်ဆုံးမျိုးဆက်က ဒီလို ကြီးကျယ်လှပထဲ အိမ်ကြီးထဲ ခောတ်မှီ ဇိမ်ခံပစ္စည်းတွေ သုံးရင်း နေနေလိမ့်မယ်လို့
တကယ်က အဲ့လိုမဟုတ်ဘူးဗျ တစ်နေ့တစ်နေ့ မယ်မယ် ရဲ့စည်းကမ်းတွေနဲ့ပဲ အချိန်တွေကုန်နေခဲ့ ရတာ
ဒါတွေကလဲ ကျွန်တော့ အတွက်ပါပဲလေ

BELONG WITH YOUWhere stories live. Discover now