Belong with you-8
fait က တော့ ဂီတကို ရူးသွပ်နေသူ
သနားစရာကောင်းတာက ဘယ်လို သင်တန်းတွေပဲ တတ်နေပါစေ ပါရမီပါမလာဘူးဗျ
ဒီတော့ အဲ့ပြဿနာကိုငွေနဲ့ ပဲ ဖြေရှင်းပြီး series တောင် ထုတ်လိုက်သေး
တစ်လအတွင်း မရောင်းရတော့
သူခွေတွေသူပြန်ဝယ်ပြီး ဟိုပွဲမယ် ကြဲ ဒီပွဲမယ်ကြဲခုတော့ အိမ်ကလဲ ဂီတအတွက် ပိုက်ဆံထပ်မထုတ်ပေးတော့ဘူးလေ ဘားတစ်ခုမှာတီးနေရာက ငြိမ်နေရာက
ဆိုင်ရှင်က တခြားအဖွဲ့ကို ပြောင်းငှားလိုက်လို့ ဒီကောင်တင်းနေလေရဲ့
ပြောင်းလိုက်တဲ့ အဖွဲ့က တခြားမဟုတ်
mew ခေါင်းဆောင်တဲ့ အဖွဲ့လေ
သူတို့တွေ ရန်တောင်ဖြစ်လိုက်ကြသေးတယ်တဲ့ ရဲစခန်းမရောက်တာပဲ ကံကောင်းfait က mew ကိုမကျေနပ်လို့ စုံစမ်းနေရာက
ခု long ကသူ့ဆီဆက်သွယ်လာတော့တာပဲမင်း သေချာလို့လားကွာ
ဟုတ်တယ် သေချာတယ်
mew ကယောကျ်ားလေးတစ်ယောက်နဲ့ တွဲပါ့မလားကွ
ကျစ် ငါကတော့သေချာတယ် မင်းယုံမယုံကတော့ မင်းအပိုင်းပဲ
အင်း ငါချာတိတ်လေးကိုတော့ တွေ့ဖူးတယ် mew ကျလဲ ကျချင်စရာပဲ
ချစ်စရာလေးကွ
အေး မင်းဗူးမှာလား လက်စားချေမှာလားလက်စားချေမှာပါကွ ဗူးလဲ ဗူးရင်းပေါ့ ဟဲဟဲ
ဘာပဲ ဖြစ်ဖြစ်လေ အဲ့ချာတိတ်mew ဘေးက ထွက်သွားရင်ပြီးရောအဲ့တော့ ကျောင်း ဝက်ဆိုဒ်ထဲ တင်လိုက်မို့လား အဲ့အကြောင်း
no no no ဇာတ်ရှိန်မြင့်အောင်လုပ်ဖို့လိုတယ် ခုနေတင်လိုက်ရင် လူတွေက တစ်မနက်ပြည့်အောင်တောင် စိတ်ဝင်စားကြမှာ မဟုတ်ဘူး
gulf ရဲ့ ဘဝမှန်ကိုတင်ပြီးမှ တွဲနေတာတင်လိုက်မယိဆိုရင်
ဟားဟားမင်းမယ် အစီအစဥ်ရှိလို့လား
long တဲ့ တစ် long ပဲ ရှိတယ်
လာပြောပြမယ်အမ်း အမ်း တကယ်ပဲလား
တကယ်
မင်း ကတော့ ဒီကြားထဲ ဟိုချာတိတ်ဆီက ယုံကြည်မှုရအောင်ကြိုးစားပေါ့ကွာ
ok
အစီအစဥ်ဘယ်တော့စမလဲ
အချိန်ဆွဲလို့ကောင်းတဲ့ အရာမဟုတ်ဘူးကွအပူပင်ကင်းစွာ အိပ်စက်နေသူနှစ်ယောက်ကတော့ mew & gulf
Gulf ကျောင်းထဲဝင်လာကထဲက ထူးဆန်းနေသည်
လူတွေ သူ့ကိုကြည့်ပြီး တီးတိုးပြောနေသလို
စိတ်ထင်တာပဲတော့မဟုတ်နိုင် ရှောင်သွားကြတာလဲ မဟုတ်
တချို့ဆို ဓါတ်ပုံတွေတောင် ရိုက်နေကြသေး
ဘာလို့ပါလိမ့်