[16.06.2020]

192 14 1
                                    

ပျော်ရွှင်မှုဆိုတာက Minatozaki Sanaနဲ့ စပြီး ကမ္ဘာကြီးက Minatozaki Sanaနဲ့ အဆုံးသတ်တဲ့ အချိန်မှာ Overthinking ဆိုတာက ခြောက်ခြားစရာ။

အမြတ်တနိုး ထားရတဲ့ 12လပိုင်း 25ရက်နေ့မှာမှ လုပ်ရက်လိုက်လေခြင်း ဆိုတဲ့ ခံစားချက်ကြီးက နောက်ကျောကို ဓားနဲ့ထိုးခံလိုက်ရသလိုပဲ...။

မနေ့တစ်နေ့က ပျော်ရွှင်မှုတွေကို ပေးလို့ အကုန်ယုံကြည်ပြီး မျက်စိမှိတ်ယုံလိုက်တဲ့အချိန် ဒီနေ့မှာမှ ပါးတစ်ဖက်ကို ရည်ရွယ်ချက်ရှိရှိ ရိုက်လိုက်သလိုပဲ...။

ပျော်နေတယ်တဲ့လား...ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ ခြောက်လတုန်းက တိတ်တိတ်လေး ရိုက်ထားတဲ့ပုံကို  လက်ဆောင်ပေးတာပေါ့လေ...။

နှစ်နှစ်နီးပါး စောင့်ခဲ့ရတဲ့ Selcaကို နေ့ရွှေ့ညရွှေ့ လုပ်ခဲ့ပြီးတော့ အခုလို Selcaလေးနဲ့တွဲတင်ပြီး surprise လုပ်ရတာ စောင့်မျှော်နေမှန်းသိလို့ပေါ့...။

အမရယ်...နင်လုပ်ရက်လိုက်တာလို့ တစ်ခွန်းပဲ ပြောနိုင်တော့တယ်...။အမသိလား...အပြစ်မမြင်ခဲ့ဘူး အမကို ဘယ်တုန်းကမှ...။ အလိုလိုက်လွန်းတော့ အမက ရက်စက်နိုင်ခဲ့တာ...။

အပြစ်မမြင်မှန်းသိတော့ အမက ပိုလုပ်လိမ့်မယ်..။ တစ်စုံတစ်ခုကို လုပ်ဖို့ ခက်ခဲတယ်ဆိုတာက ပထမဆုံး အကြိမ်မလုပ်ခင်အထိပါ..။ပထမဆုံးအကြိမ်ပြီးတာနဲ့ ကျန်တဲ့အကြိမ်တွေက အခက်အခဲမရှိတော့ဘူး...။

ရူးခဲ့တယ်သိလား...အမကိုလေ ချစ်လွန်းလို့ကို ဒီက ရူ့းခဲ့တာ။အမကို ချစ်တယ်ဆိုတာကလေ အစွန်းရောက်တယ်။
အမကိုယ်တိုင် တွန်းပို့ခဲ့တဲ့ ချစ်ခြင်းမေတ္တာရဲ့ တစ်ဖက်အစွန်းမှာ နာကျင်မှုတွေချည်းဘဲ...။

အပြစ်မတင်ရက်ဘူး...ဒီအမျိုးသမီးကိုမှ ချစ်မိနေတာ..။
တကယ် ထင်မထားတဲ့အတွက် အံ့သြသွားရုံလောက်ပဲ...

ဒီနေ့အဖြစ်အပျက်ကြောင့် အချစ်တော့မလျော့ပါဘူး...
ယုံကြည်မှုတွေတော့ သိသိသာသာကို ဆုံးရှုံးသွားပြီ။
အမအရမ်းပျော်နေတာကိုကြည့်ပြီး လိုက်မပျော်ပေးနိုင်တာကို စိတ်မကောင်းပါဘူး...။

ဒါပဲလေ...။ကျွန်မက Fanပဲ...။
ကောင်းကင်နဲ့မြေကြီးလို ကွာနေတဲ့အနေအထားမှာတောင် ကျွန်မမှာ ရှင့်ကို ချစ်နေရတယ်..။ကျွန်မက ဘယ်သူ့ကိုမှ ဒူးထောက်ခဲ့တာ...အထင်ကြီးခဲ့တဲ့လူ မဟုတ်ဘူး..။

[My Little Sunshine]Where stories live. Discover now