အဆိုးဆုံးတွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ရာက
အကောင်းဆုံးတွေပဲဖြစ်လာလို့ တကယ်ကျေးဇူးတင်ရပါတယ်။တစ်သက်နဲ့တစ်ကိုယ် မထိရက်မကိုင်ရက် တန်ဖိုးထားမိတဲ့အမျိုးသမီးလေးမို့လို့ မှဲ့တစ်ပေါက်တောင် မစွန်းစေချင်တာက သစ္စာပါ။
မတွေ့ရတဲ့ ဆယ့်တစ်ရက်အတွက် ကြိုတွေးမိပြီး လွမ်းနေတယ်တော့မဟုတ်ပေမဲ့ ကျွန်မချစ်ရတဲ့ ဗရုတ်ကျလွန်းတဲ့ကောင်မလေးက ကွာရမ်တင်းကာလအတွင်းမှာ ပျင်းနေတော့မှာကိုတော့ ကြိုသိနေတယ်။
Onceတွေထဲက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရတော့မဲ့ အထက်တန်းကျောင်းသားတွေအတွက် ဆုတောင်းပေးတုန်းက သေချာရည်ရွယ်တာမဟုတ်လဲ ကျေနပ်မိတယ်။ကျွန်မလဲ ဒီအပတ်ထဲ စာမေးပွဲရှိတယ် အမရဲ့။
အမတောင်းပေးတဲ့ဆုတောင်းနဲ့အတူ ဒီစာမေးပွဲမှာကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ပြောရတာ ခက်ခဲပေမဲ့ ဘဝမှာ အမြဲတမ်းသက်ရောက်တဲ့ဆုတောင်းတွေထဲ ဒီဆုတောင်းကို အပြည့်စေချင်ဆုံး။ရည်ရွယ်သူက အမဖြစ်နေခဲ့လို့လေ။
တစ်နေ့က အပူချိန် 2°တောင်ဆိုတော့ ဆောင်းဝင်တာနဲ့
နှာတရှုံ့ရှုံ့ဖြစ်တတ်တဲ့ကောင်မလေးကို စိတ်ပူတယ်။မနက်ကလဲ Swabယူထားတော့ နာလဲနာနေမှာပဲ။နွေးနွေးထွေးထွေးနေပြီး ကွာရမ်တင်းကာလတွေကို ဖြတ်သန်းပါ။အမက သန်မာတဲ့လူတစ်ယောက်ပါ။ကိုယ့်ကြောင့်နဲ့ အကုန်လုံးအလုပ်ရှုပ်ရတယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ်ဆိုတာလဲ သိတယ်။ငယ်ငယ်လေးကတည်းက မိဘနဲ့ခွဲနေခဲ့ရတဲ့ တစ်ဦးတည်းသောသမီးလေးက သူ့ကြောင့်နဲ့တစ်ဖက်လူကို ဝန်မပိစေချင်ဘူးလေ။
မွေးလ Decemberမှာ စိတ်မကောင်းစရာတွေဖြစ်ရတယ် ဆိုပေမဲ့ မွေးနေ့ကျရင်တော့ ကောင်မလေးက အတတ်နိုင်ဆုံး ပြုံးနေနိုင်တော့မယ်မလား။ချစ်တယ်။ကျန်းမာရေး ဂရုစိုက်ပါ။အဝေးကပဲဂရုစိုက်နိုင်တော့ ရင်နာရတယ်။
ကိုယ့်အနားကလူတွေသေတာတောင် မျက်နှာတစ်ချက်မှ
မပျက်ခဲ့တဲ့ကျွန်မက အမစစ်ဆေးမှုသတင်းစောင့်ရင်း
တငိုငိုတရယ်ရယ်ဖြစ်နေခဲ့တော့ အိမ်ကလူတွေက
နားမလည်နိုင်ဘူးလို့ပြောကြတယ်။သူတို့မှ မချစ်ဖူးကြဘဲ။

YOU ARE READING
[My Little Sunshine]
Randomကိုယ့်ရဲ့နေရောင်ခြည်လေးဟာ အရွယ်အားဖြင့် သေးငယ်ပေမဲ့ မရေမတွက်နိုင်တဲ့ အလင်းရောင်တွေကို ပေးတယ်....! 🍁VamRo🍁