ဒီနေ့ကျွန်မတို့ဆီမှာ မိုးတွေသည်းနေတယ်...။ မိုးခြိမ်းသံကြောက်တဲ့ အမရော အခုလို မိုးရာသီမှာ အဆင်ပြေနေရဲ့လား..?
လိုင်းဖွင့်ကြည့်မိလို့ ခင်ဗျားနဲ့ တူတဲ့အကောင်လေးတွေ မြင်တိုင်း ခင်ဗျားကိုသတိရတယ်..။မဟုတ်ဘူး...မတူဘူး... ခင်ဗျားက ပိုပြီးချစ်ဖို့ကောင်းတယ်..အများကြီး..။
ရာသီဥတုအေးတာမို့လို့ နွေးနွေးထွေးထွေးနေဖို့လဲ မှာချင်သေးတယ်..။မနက်ပိုင်းတိုင်း ရေခဲမုန့်စားလေ့ရှိတဲ့ ဂျစ်တိဂျစ်ကန် အမျိုးသမီးကို ရုတ်တရက် စိတ်ပူလာမိလို့..။
မနေ့က Liveမှာ ငယ်က ပြောသွားတယ်..။နှစ်ယောက်ထဲ Liveလုပ် စေချင်တာကို သိပါတယ်တဲ့..။ခင်ဗျားရော အဆင်ပြေနေရဲ့လား?အရင်လို Liveအကြောင်းပြောရင် ရှက်နေတတ်တဲ့ မျက်နှာလေးကို မြင်ယောင်နေမိတယ်...။
Minatozaki Sanaက လူဆိုးမ...။Mukbang liveဆိုပြီး အခုထိပေါ်မလာဘူး..။
တကယ်တော့ ဒီနေ့ဆိုရင် အကုန်လုံး အသည်းကွဲ နေရမှာနော်..။ဒါပေမဲ့ ကျွန်မကတော့ သာမန်နေ့လိုပဲ ဖြစ်နေတယ်..။နေရထိုင်ရတာ ပုံမှန်ပဲ..။
ဘာလိုလိုနဲ့ အချိန်တွေကုန်တာက မြန်လိုက်တာ...။
ထားပါတော့..။ဒီနေ့လဲ Practiceမှာ လေ့ကျင့်ပြီးတာနဲ့ ကောင်းကောင်းစားပြီး အနားယူပါ..။အရင်လို ပါးဖောင်းဖောင်းလေးကို ပြန်မြင်ချင်တယ်..။ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေ..။
"ချစ်ခြင်းမေတ္တာဆိုတာကို ရေရေရာရာမသိပေမဲ့လဲ
လွမ်းတိုင်းပြေးတွေ့လို့မရတဲ့ အခြေအနေတစ်ခုမှာ
Screen ပေါ်က ဒီလူသားရဲ့အပြုံးလေး
တစ်ချက်ကလဲ အရာရာပဲ...။''#5.8.2020

KAMU SEDANG MEMBACA
[My Little Sunshine]
Acakကိုယ့်ရဲ့နေရောင်ခြည်လေးဟာ အရွယ်အားဖြင့် သေးငယ်ပေမဲ့ မရေမတွက်နိုင်တဲ့ အလင်းရောင်တွေကို ပေးတယ်....! 🍁VamRo🍁